အမှန်/အမှား

++++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့က အရပ်သားနေအိမ်တွေ ပျက်စီးမှုဟာ PDF တွေကြောင့်ဖြစ်တာ”ဆိုပြီး စစ်ကောင်စီတပ်လော်ဘီတွေ ဝါဒဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီတပ် လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဒီ ဇင်ဘာ၂၈ ရက်ကစပြီး ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ချင်းပြည်နယ် မင်းတပ်မြို့ထဲ စစ်ကောင်စီက လေ ကြောင်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ ခွင့်ပြုချက်မရှိဘဲ မြို့တွင်း ဝင်ထွက်သွားလာတာတွေ မပြုကြဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် (CDF မင်းတပ်) က ဒီဇင်ဘာ ၂၃ ရက်မှာ အသိပေးနှိုး ဆော်ထားတာကို လွတ်လပ်သော သတင်းဌာနတွေမှာလည်း ဖော်ပြထားပါတယ်။

ခူမီးမီဒီယာလင့်

https://shorturl.at/ioSEG

၂၀၂၄ နိုဝင်ဘာလကနေ ဒီဇင်ဘာနှောင်းပိုင်းအထိ မင်းတပ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုအကြိမ် ၂၀၀ ဝန်းကျင်ရှိခဲ့ပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မင်းတပ်မြို့ အရှေ့ပြင်၊ စံပြ၊ ဘဝသစ်နဲ့ အနောက်ရပ်ကွက်ရှိ အဆောက်အအုံ ၁၀၀ ထက်မနည်း ထပ်မံပျက်စီးခဲ့ရပြီး လူနေအိမ်နဲ့ ဘာသာရေးအဆောက်အအုံတွေ ပါဝင်တယ်လို့ The Mindat Post ရဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။

The mindat post လင့်

https://shorturl.at/T2nsQ

မင်းတပ်မှာ ၂၀၂၄ ဒီဇင်ဘာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇၀ ထက်မနည်း ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ဒီဇင်ဘာ ၂၄ ရက်နေ့မှာလည်း မင်းတပ်မြို့အခြေစိုက်တပ်ရင်းကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၄ အေးစခန်းကျေးရွာက ခရစ်ယာန် သင်းအုပ်ဆရာတော် ပါစတာဦးရွှီမာန်ကို သေဆုံးခဲ့တယ်လို့ Zalenမှာ ဖော်ပြထားပါတယ်။

Zalen သတင်းလင့်

https://shorturl.at/qm4A0

မင်းတပ်မြို့ရှိ စစ်ကောင်စီရဲ့ အမှတ် ၂၇၄ ခြေလျင်တပ်ရင်းနဲ့ ကန်ပက်လက်မြို့ပေါ်ကို စွန့်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ယောနယ်နဲ့ချင်းနယ်အစပ်မှာ ရှိနေဆဲဖြစ်ပြီး အ ရပ်သားတွေနေတဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ရှိနေသေးတယ်လို့ တွေ့ရပါတယ်။

စိစစ်တွေ့ရှိချက်—

နိုဝင်ဘာလတုန်းကလည်း မင်းတပ်မြို့ အခြေစိုက် ခလရ ၂၇၄ စစ်တပ်စခန်းတွေအနီး မြင်ကွင်းရှင်းဖို့ အရပ်သားတွေရဲ့နေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လွတ်လပ်သော သတင်းဌာနတွေမှာ ဖော်ပြချက်အရ စိစစ်တွေ့ရှိရပါတယ်။

မင်းတပ်မြို့ အခြေစိုက် ခလရ ၂၇၄ တပ်က စစ်သားတွေရဲ့ မိသားစုဝင် အိမ်ထောင်သည်တွေကို လေယာဉ်နဲ့သယ်ထုတ်ပြီး မင်းတပ်မြို့ထဲကို လက်ရှိအချိန်အထိ လေကြောင်းတိုက်ခိုက်မှုတွေကို ပြုလုပ်နေတယ်လို့ တွေ့ရပါတယ်။

မင်းတပ်မြို့ပေါ်ရှိ ပြည်သူနေအိမ်တွေကို စစ်ကောင်စီ ဖျက်ဆီးခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းတွေအား ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားတာဖြစ်ပြီး ဒီဓာတ်ပုံမှတ်တမ်းတွေကို စစ် တပ်လော်ဘီတွေက ပြန်လည်ကူးယူကာ PDF တွေက မင်းတပ်မြို့ကို ဖျက်ဆီးနေသယောင် သ တင်းအမှားများ ရေးသားကာ ဖြန့်ဝေနေတာကို စိစစ်တွေ့ရှိရပြီး ပြည်သူလူထုအနေနဲ့ လူမှုကွန်ရက်ပေါ်က သတင်းအမှားတွေကို ချက်ချင်းမယုံကြည်ဘဲ လွတ်လပ်သောသတင်းဌာနတွေက သတင်းတွေကို သွားရောက်ဖတ်ရှုပြီးမှသာ အတည်ပြုလက်ခံဖို့ အကြံပြုပါတယ်။

CDF မင်းတပ်ထုတ်ပြန်ချက်

https://shorturl.at/P5G60

DVBသတင်းဌာနကဖော်ပြထားတဲ့လင့်

https://shorturl.at/PiUIw

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာ၏တွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.