အမှန်/အမှား

++++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ “မွန်ပြည်နယ်က မုပ္ပလင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပေမယ့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာ မရှိဘူး”ဆိုပြီး စစ်ကောင်စီတပ်လော်ဘီတွေ ဝါဒဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီတပ် လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဒီဇင်ဘာ ၂၃ ရက်နေ့ကစပြီး ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာလမ်းဆုံရှိ စစ်ကောင် စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကို မေး မြန်းကာ သံလွင်တိုင်းမ်သတင်းဌာနက ဖော်ပြထားပါတယ်။

နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ စစ်ကောင်စီရဲ့ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန်ခန့်မှာ ဒရုန်းနဲ့ဗုံးသီးလေးလုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF အဖွဲ့ကလည်း သတင်း ထုတ်ပြန်ထားပါတယ်။

KRF အဖွဲ့ ထုတ်ပြန်ချက်လင့်

https://shorturl.at/BzUp7

မုပ္ပလင် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ကျိုက်ထိုမြို့နယ် တဂေးချောင်းဖျားကျေးရွာထဲ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာနေ ဦးစံကွေး၊ နော်ဖူးပွင့်ကျော်၊ မောင်နေလင်းအောင်တို့ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကင်မွန်းချောင်းတိုက်နယ်ဆေးရုံနဲ့ ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံတွေမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေပြောပြတာကို Independent Mon new အေဂျင်စီက ဖော်ပြထားပါတယ်။

သံလွင်တိုင်းမ်သတင်းဌာနကဖော်ပြထားတဲ့လင့်

https://shorturl.at/IeYjH

Independent Mon new အေဂျင်စီကဖော်ပြထားတဲ့လင့်

https://shorturl.at/oP1e7

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.