ဆိုးလ်၊ ဒီဇင်ဘာ ၅

စစ်အုပ်ချုပ်ရေး ခေတ္တကြေညာမှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယားသမ္မတ ယောင်ဆွတ်ယိုလ်ကို ရဲတပ်ဖွဲ့က ပုန်ကန်မှုနဲ့ စုံစမ်း စစ်ဆေးနေကြောင်း သိရပါတယ်။

သမ္မတရဲ့ စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်တာနဲ့ ပတ်သက်လို့ စစ်ဖက်ဆိုင်ရာ အရာရှိတွေကို လွှတ်တော်အမတ်တွေက စစ်ဆေးမေးမြန်းချိန်မှာ အဲဒီအကြောင်းသိရှိထားတဲ့လူ အနည်းငယ်သာ ရှိပြီး ကာကွယ်ရေးဝန်ကြီးဟာ အဲဒီကြေညာချက်ကို သတင်းဌာနတွေက ဖော်ပြပြီးမှ သိရှိခဲ့တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အခုလို သမ္မတရဲ့ ထိတ်လန့်စရာလုပ်ရပ်မှာ ပါဝင် ပတ်သက်ခဲ့မိတဲ့ အတွက် ကာကွယ်ရေးဝန်ကြီးက တောင်းပန်ပြီး ရာထူးက နုတ်ထွက်မှုကို သမ္မတက စောစောပိုင်းက လက်ခံခဲ့ပါတယ်။

သမ္မတ ယွန်ဆွတ်ယိုလ်ရဲ့ စစ်အုပ်ရေးဥပဒေ ကြေညာချက်ကို လွှတ်တော်က အရေးပေါ် အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ပြီး ကန့်ကွက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သမ္မတဟာ လူသိရှင်ကြား စကားပြောဆိုတာ မရှိသေးဘဲ အတိုက်အခံတွေက သူ့ကိုဖြုတ်ချရေး ဆွေးနွေး တိုင်ပင်နေကြပြီ ဖြစ်ပါတယ်။

အတိုက်အခံပါတီတွေရဲ့ စွပ်စွဲပြစ်တင်မှုဟာ ဒီဇင်ဘာ ၇ ရက်မှာ ဖြစ်လာနိုင်ပါတယ်။

အတိုက်အခံပါတီတွေအနေနဲ့ သူတို့ အနိုင်ရရေး အာဏာရပါတီ People Power Party က လွှတ်တော်အမတ် ၈ ဦးရဲ့ ထောက်ခံမှုကိုပဲ လိုအပ်မှာ ဖြစ်ပေမယ့် သမ္မတရဲ့ ပါတီက အတိုက်အခံတွေရဲ့ လုပ်ရပ်ကို တားဆီးမယ်လို့ ပြောဆိုထားပါတယ်။

People Power Party ပြည်သူ့အင်အားပါတီ ဥက္ကဌကတော့ ယွန်ဆွတ်ယိုလ်ကို ပါတီက နုတ်ထွက်ပေးဖို့ တောင်းဆိုထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.