ပဲခူးရေကြီးမှုကြောင့် ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ် ယာယီဖျက်သိမ်း
မော်လမြိုင်၊ ဇူလိုင် ၂၉ ပဲခူးရေကြီးမှုနဲ့အတူ ပဲခူးဘူတာအတွင်းရှိ ရထားသံလမ်းပေါ် ရေကျော်နေတာကြောင့် ရန်ကုန် – မော်လမြိုင်ရထားခရီးစဉ် ယာယီရပ်နားထားတယ်လို့ မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ပါတယ်။ ပဲခူးဘူတာအတွင်းက တံတားအမှတ် ၆၀ မှာ ရထားသံလမ်းပေါ် ရေကျော်နေတာကြောင့် ရန်ကုန် – မော်လမြိုင်ရထားခရီးစဉ်တွေ ယာယီဖျက်သိမ်းထားတာပါ။ ဒါကြောင့် ဇူလိုင် ၂၉ ရက်နေ့ မော်လမြိုင်ဘူတာမှထွက်ခွာမယ့် မော်လမြိုင် –…