ဗီယန်ကျန်း၊ ဇူလိုင် ၃၀

၂၀၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်နိုင်ရေး မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မှာ ပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးကို ကူညီရာမှာ အိမ်နီးချင်းနိုင်ငံတွေ ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် လုပ်ဆောင်ကြဖို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာက တိုက်တွန်းလိုက်ပါတယ်။

ဇူလိုင် ၂၇ ရက်က ဗီယန်ကျန်းမြို့မှာ Kyodo News နဲ့ ထိုင်းမီဒီယာကိုပြောကြားရာမှာ ဝန်ကြီး မာရစ်က ပြည်တွင်းစစ်နဲ့ ပတ်သက်လို့ အာဆီယံ အစည်းအဝေး ပြင်ပမှာ မြန်မာ၊ အိန္ဒိယနိုင်ငံခြားရေး အရာရှိတွေနဲ့ ဆွေးနွေးခဲ့သလို အခုလ စောစောပိုင်းကလည်း နယူးဒေလီမှာ အရှေ့တောင်အာရှနိုင်ငံ အချို့နဲ့ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ထိုင်းနဲ့ အိန္ဒိယနိုင်ငံထဲကို ဒုက္ခသည်တွေအလုံးအရင်းနဲ့ ဝင်ရောက်မှုတွေ ရှိနေပါတယ်။

နိုင်ငံအချို့က စစ်ကောင်စီအပေါ် အရင်ကထက် ပိုမို ပွင့်လင်းတဲ့ သဘောထား ထားရှိလာကြတာကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေ တိုးတက်လာအောင် လုပ်ဆောင်ဖို့ ကောင်းမွန်တဲ့ အခွင့်အလမ်း တစ်ခု ရှိနေတယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်း ဝန်ကြီး မာရစ်က ပြောပါတယ်။

ဝန်ကြီး မာရစ်ဟာ ဇူလိုင်လ စောစောပိုင်းက ကျင်းပခဲ့တဲ့ ဘင်္ဂလား ပင်လယ်အော်ကဏ္ဍစုံ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်တွေရဲ့ အစည်းအဝေးမှာ မြန်မာ၊ အိန္ဒိယတို့နဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို သုံးပွင့်ဆိုင် ဆွေးနွေးတဲ့အချိန်တုန်းက မြန်မာမှာ ပိုပြီး ပွင့်လင်းတဲ့ အစီအစဉ်တစ်ခု ရှိတယ်လို့ သူ့အနေနဲ့ ခံစားရကြောင်း ဝန်ကြီး မာရစ်က ပြောပါတယ်။

Ref:Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.