အမှန်/အမှား

+++++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့” မိုးဗြဲဆည်ရေကြီးရေလျှံတာကြောင့် PDF တွေ စခန်းစွန့်ပြေးနေရတယ်”ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေက ဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်လော်ဘီတွေက လူမှုကွန်ရက်နဲ့ တယ်လီဂရမ်တွေမှာ ဇူလိုင်၂၅ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မိုးဗြဲရေကာတာမှ ရေတံခါးဖောက်ချမှုကြောင့် မိုးဗြဲမြို့ ဘီလူးချောင်းဘေးတစ်လျှောက်က နေအိမ်အများစု ရေနစ်မြှုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်ကို လွတ်လပ်သောသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

မိုးဗြဲရေကာတာ ရေတံခါး ဖွင့်ချတဲ့နောက်ဆက်တွဲအနေနဲ့ မိုးဗြဲ ၊ ဝါရီဆူးပလိုင် ၊ ပီကင်းကောခူ ၊ ဘုရားဖြူ၊ ဘုရားနီကျေးရွာတို့က စပါးစိုက်ခင်း ၁၀၀၀ နီးပါး ရေနစ်မြှုပ်သွားတယ်လို့ IEC ရဲ့ထုတ်ပြန်ချက်ကို ဒေသတွင်း သတင်းဌာနဖြစ်တဲ့ ကန္တာရဝတီတိုင်း ( မ် )သတင်းဌာနက ဖော်ပြထားပါတယ်။

ရှမ်း-ကယား (ကရင်နီ) နယ်စပ်မှာရှိတဲ့ မိုးဗြဲရေကာတာကို မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်က ဇူလိုင် ၂၅ ရက် မနက်အစောပိုင်းကပြီး ဖွင့်ချခဲ့တဲ့အတွက် ၂၄ နာရီအတွင်း ဘီလူးချောင်းရေမှာ ၈ ပေအထိ မြင့်တက်သွားပြီး ရေကြီးရေလျှံနေသလို လယ်ဧက ထောင်ချီ ရေနစ်မြုပ်ခဲ့တယ်လို့ DVBသတင်းဌာနမှာ ဖော်ပြထားပါတယ်။

မိုးဗြဲဆည်ကနေ လွိုင်ကော်မြို့နယ် ဘုရားဖြူအထိ စပါးစိုက်ခင်းဧက ၆၀၀၀ ထက်မနည်း ရေအောက်သို့ရောက်တယ်လို့ ခန့်မှန်းရပါတယ်” လို့ ဒေသခံတွေကို မေးမြန်းကာ DVBသတင်းဌာနက ဖော်ပြထားပါတယ်။

ကန္တာရဝတီတိုင်း ( မ် )သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?

story_fbid=907872841379289&id=100064697438623&mibextid=oFDknk&rdid=lWPfVaGRPq4PsTj2

DVBသတင်းဌာနကဖော်ပြထားတဲ့လင့်

https://burmese.dvb.no/post/662217?fbclid=IwY2xjawERTvtleHRuA2FlbQIxMAABHaJQxh8ag-RPuMAsu8gFgF5m_Mgr26Nnft6loJ_alxeOw58nRpg_2qRf2Q_aem_YuG0qIoGAs4D5QLOcCy8pA

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.