ဘန်ကောက်၊ ဇူလိုင် ၂၇

မြန်မာ့ပြဿနာ ပြေလျော့စေရေး ကြိုးပမ်းရာမှာ ထိုင်းနိုင်ငံ ပါဝင်ကူညီသွားမယ့် အခန်းကဏ္ဍကို နိုင်ငံခြားရေးဝန်ကြီး မာရစ် တန်ဂီယမ်ပွန်ဆာက ၅၇ ကြိမ်မြောက် အာဆီယံဝန်ကြီးများ အစည်းအဝေးမှာ ဇူလိုင် ၂၆ ရက်က ထပ်မံ အတည်ပြု ပြောကြားခဲ့ပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲ ဖြစ်ပေါ်လာစေရေး ထိုင်းနိုင်ငံက ကူညီဖို့ အဆင်သင့်ရှိကြောင်း ဝန်ကြီးမာရစ်က ပြောလိုက်တာပါ။

လာအိုနိုင်ငံ ဗီယက်ကျန်းမြို့မှာ ဇူလိုင် ၂၃ ရက်ကနေ ၂၇ ရက်အထိ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေမှာ သူက အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ပြဿနာကို ဖြေရှင်းရေး ပူးပေါင်း ကြိုးပမ်းကြရမှာ ဖြစ်ပြီး ပိုမို ပွင့်လင်းပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေက ပြဿနာ ဖြေရှင်းရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍ တစ်ခုဖြစ်တယ်လို့ ဝန်ကြီး မာရစ်က ဆိုတာပါ။

အထူးသဖြင့် မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံတွေနဲ့ အဓိကကျတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာရေးဟာ အရေးကြီးပြီး အဲဒီနိုင်ငံတွေအနေနဲ့ အထူးကိုယ်စားလှယ်တွေ ခန့်အပ်သင့်ကြောင်း ဝန်ကြီး မာရစ်က ထောက်ပြပါတယ်။

ဒီလို မြန်မာ့ပြဿနာကို ဖြေရှင်းရေး ထိုင်းနိုင်ငံရဲ့ ပါဝင်ကူညီမယ့် အခန်းကဏ္ဍကို အာဆီယံကလည်း ထောက်ခံကြောင်း ဝန်ကြီး မာရစ်က ပြောပါတယ်။

ထိုင်းက ပါဝင်ကူညီသွားမယ်လို့ ဆိုပေမယ့် မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကို ကြားဝင်စွက်မှာ မဟုတ်ဘဲ မြန်မာအနေနဲ့ ကိုယ့်ပြဿနာကို ကိုယ်တိုင် ဖြေရှင်းရမှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

FILE PHOTO: A soldier from the Karen National Liberation Army (KNLA) carries an RPG launcher at a Myanmar military base at Thingyan Nyi Naung village on the outskirts of Myawaddy, the Thailand-Myanmar border town under the control of a coalition of rebel forces led by the Karen National Union, in Myanmar, April 15, 2024. REUTERS/Athit Perawongmetha/File Photo

မြန်မာ့ပြဿနာကို ဖြေရှင်းရာမှာ ပါဝင်ကူညီဖို့ အင်ဒိုနီးရှားကလည်း စိတ်ဝင်စားကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက ပြောကြားထားပါတယ်။

အပြုသဘောဆောင်တဲ့ ရလဒ်တွေ ထွက်ပေါ်လာမယ့် ဘယ်ဆွေးနွေးမှုမျိုးကိုမဆို ထိုင်းနိုင်ငံက အားပေးကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

ဒီလို ဆောင်ရွက်ဖို့ ကြိုးစားတာက မြန်မာ့ပြဿနာကြောင့် သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေလည်း ထိခိုက်နေရကြောင်း သိစေလိုတဲ့ သဘော ဖြစ်တယ်လို့ ဆိုပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.