July 22, 2024

စစ်အာဏာသိမ်း (၁၂၆၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၄၁၄) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၂၃ AAPP ရဲ့ ဇူလိုင် ၂၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၆၈) ရက်အတွင်း ပြည်သူ (၅၄၁၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၀၈၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၃၀၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မျက်ဖြူဆိုက်နေတဲ့ စစ်ကောင်စီက ထောက်ခံသူတွေကိုအ သုံးချပြီး တော်လှန်ရေး EAO တွေအပေါ် အပြစ်ဖို့ ဝါဒဖြန့်

ရန်ကုန် ၊ ဇူလိုင် ၂၃ အာဏာသိမ်းမှု သုံးနှစ်ခွဲကျော်လာချိန် စစ်ရေး၊ နိုင်ငံရေးတွေမှာ အကျပ်ဆိုင်လာတဲ့ စစ်ကောင်စီက သူ့ကိုထောက်နေတဲ့ နိုင်ငံရေးပါတီတချို့နဲ့ ပုဂ္ဂိုလ်တချို့ကိုအသုံးချပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ EAO တွေကို အပြစ်ဖို့ ဝါဒဖြန့်တာတွေ လုပ်ဆောင်နေပါတယ်။ စစ်ကောင်စီ သတင်းထုတ်ပြန်ချက်အရ ပြည်တွင်းပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဖက်ဒရယ်လား/ အကြမ်းဖက်လားဆိုတဲ့ ခေါင်းစဉ်နဲ့ ဇူလိုင် ၂၁ ရက်နေ့က ရန်ကုန်မြို့…

နိုင်ငံရေးအကျဉ်းသားတွေ ဆက်တိုက်ထောင်ပြောင်းခံနေရ

ရန်ကုန်၊ ဇူလိုင် ၂၃ နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ထောင်ပြောင်းတာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင် ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံကနေ သိရပါတယ်။ စစ်ကောင်စီဟာ ဇူလိုင် ၂၁ ရက်နေ့က ရန်ကုန်တိုင်း အင်းစိန်ဗဟိုအကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းသူ ၂၆၀ ကို နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပဲခူးတိုင်း ဒိုက်ဦးထောင်နဲ့ သာယာဝတီအကျဉ်းထောင်ကို…

စစ်ခေါ‌င်းဆောင် ယာယီသမ္မတအဖြစ် တာဝန်ပေးခန့်အပ်ခံရတယ်လို့ စစ်ကောင်စီကြေညာ

နေပြည်တော် ၊ ဇူလိုင် ၂၂ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်‌တွေအတွက် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ယာယီသမ္မတအဖြစ် တာဝန်ပေးအပ်ခံရတယ်လို့ စစ်ကောင်စီက ဒီကနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ သတင်းထုတ်ပြန်ချက်အရ ယာယီသမ္မတ ဦးမြင့်ဆွေဟာ လက်ရှိကျန်းမာရေးအခြေအနေအရ ဆေးခွင့်ယူပြီး ဆေးကုသမှုခံနေရတာပါ။ ဒီအခြေအနေကြောင့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်တွေကို လိုအပ်သလို ဆက်လုပ်နိုင်ဖို့ ဦးမြင့်ဆွေ တာဝန်လစ်ဟင်းနေစဉ်ကာလမှာ…

တနင်္သာရီမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံထောင်ချီ ထွက် ပြေးနေရ

တနင်္သာရီ၊ ဇူလိုင် ၂၃ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် လယ်သစ်ရွာဘက်ကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ စစ်ရှောင်ပြည်သူတွေထံက သိရပါတယ်။ တပ်အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ကစလို့ ကျွန်းစုမြို့ နယ်ကနေ တနင်္သာရီမြို့နယ် လယ်သစ်ရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်တာပါ။ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ…

သိမ်ဇရပ်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးပစ်လို့ အရပ်သားတစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ

ကျိုက်ထို၊ ဇူလိုင် ၂၃ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ သိမ်ဇရပ်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သိမ်ဇရပ်ရဲစခန်းကို ဇူလိုင် ၂၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်ဖွဲ့ တွေက လက်နက်ကြီးခုနှစ်လုံးထက်မနည်း လာရောက်ပစ်ခတ်တိုက်ခိုက်သွားတာပါ။ အဲဒီတိုက်ခိုက်မှုပြီးနောက် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာစဉ်…

ဆင်ရွာရေတံခွန်မှာ အမျိုးသမီးငယ် တစ်ဦး ချော်ကျသေဆုံးမှု ဖြစ်ပွား

ပေါင်၊ ဇူလိုင် ၂၂ မွန်ပြည်နယ် ပေါင်မြို့နယ် ဆင်ရွာကျေးရွာရှိ ဆင်ရွာရေတံခွန်မှာ အမျိုးသမီးငယ် တစ်ဦး ချော်ကျသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေထံကနေ သိရပါတယ်။ မနေ့ ဇူလိုင် ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ဆင်ရွာရေတံခွန်ထံ အလည်လာကြတဲ့ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ခြေချော်ပြီး ရေစီးထဲ မျောပါသွားပြီးနောက် ကျောက်တုံးကြားညှပ်ကာ…

ဘိုင်ဒန်ထက် ကာမယ်လာ ဟားရစ်ကို အလွယ်တကူ အနိုင်ယူနိုင်တယ်လို့ ထရန့် ကြွေးကြော်

ဝါရှင်တန်၊ ဇူလိုင် ၂၂ ရီပက်ဘလစ်ကန်ပါတီကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့်က လာမယ့် နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲမှာ သူရင်ဆိုင်ရမယ့် ဒုသမ္မတ ကာမယ်လာ ဟားရစ်ဟာ လက်ရှိ သမ္မတ ဘိုင်ဒန်ထက် အနိုင်ယူရပိုလွယ်ကူလိမ့်မယ်လို့ ဇူလိုင် ၂၁ ရက်မှာ ပြောကြားလိုက်ပါတယ်။ ပါတီရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ နုတ်ထွက်တော့မယ်လို့ ဒီမိုကရက်ပါတီ သမ္မတ ဂျိုး ဘိုင်ဒန်က ပြောကြားခဲ့ပြီးနောက်…

လာအိုမှာပြုလုပ်မယ့် အာဆီယံအစည်းအဝေး မြန်မာ့အရေး ဦးစားပေးဆွေးနွေးဖွယ်ရှိ

ဗီယက်ကျန်း၊ ဇူလိုင် ၂၂ အာဆီယံ အလှည့်ကျဥက္ကဌ လာအိုက ၂၇ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဇူလိုင် ၂၂ ရက်ကစလို့ ဗီယန်ကျန်းမြို့မှာ စတင်ကျင်းပကြောင်း ကြေညာပါတယ်။ နိုင်ငံပေါင်း ၃၁ နိုင်ငံက တစ်ထောင်ကျော်ရှိတဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုပေါင်း ၂၅ ခု ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ လာအို နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်…

အမေရိကန်သမ္မတရွေးကောက်ပွဲမှ သမ္မတ ဂျိုးဘိုက်ဒန် နုတ်ထွက်

ဝါရှင်တန်၊ ဇူလိုင် ၂၂ လာမယ့် နိုဝင်ဘာလမှာ ကျင်းပတော့မယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့်သူအဖြစ်ကနေ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် နုတ်ထွက်သွားပြီဖြစ်ပါတယ်။ သမ္မတ ဘိုင်ဒန်က “လက်ရှိသမ္မတသက်တမ်း ကျန်ရှိချိန်အတွင်းမှာ ကျနော့်ရဲ့တာဝန်တွေကို ဖြည့်ဆည်းဆောင်ရွက်ဖို့ အစွမ်းကုန် အာရုံစိုက်ဖို့နဲ့ နိုင်ငံနဲ့ ပါတီရဲ့ အကျိုးစီးပွားအတွက် နုတ်ထွက်လိုက်ခြင်းဖြစ်တယ်လို့ ယုံကြည်ပါတယ်” လို့ ဇူလိုင် ၂၁ ရက်မှာ ပြောဆိုခဲ့ပါတယ်။…