July 15, 2024

ရေးမှာ အရပ်သားတစ်ဦး ပစ်သတ်ခံမှု စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား+++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့” မွန်ပြည်နယ် ရေးမြို့နယ်မှာ ကွမ်းခြံကနေ ပြန်လာတဲ့ အသက် ၅၀ အရွယ် အာယုတောင်ရွာသားတစ်ဦးကို စစ်ကောင်စီ ခမရ ၃၄၃ တပ်ရင်းက ပစ်သတ်မှုအပေါ် ရေးဘီးလူးအဖွဲ့…

စစ်ကောင်စီဖိတ်ခေါ်နေပေမယ့် CDM ဝန်ထမ်းတွေ လုပ် ငန်းခွင်ပြန်ဝင်ဖို့မရှိ

မော်လမြိုင်၊ ဇူလိုင် ၁၆ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ပြီးနောက် အမည်မည်းစာရင်း Black List သွင်းခံထားရတဲ့ ဝန်ထမ်းတွေ လုပ်ငန်းခွင်ပြန်ဝင်ကြဖို့ စစ်ကောင်စီ ဖိတ်ခေါ်မှုအပေါ် အယုံအ ကြည်မရှိဘူးလို့ CDM ဝန်ထမ်းတွေက တုံ့ပြန်လိုက်ပါတယ်။ အာဏာဖီဆန်မှုကြောင့် အမည်မည်းစာရင်းပါဝင်တဲ့ CDM ဝန်ထမ်းတွေကို လုပ်ငန်းခွင်စွန့်ခွာရတဲ့ အကြောင်းခြင်းရာတွေအပေါ် မူတည်ပြီး ပယ်ဖျက်ဖြေလျှော့ပေးသွားမယ်လို့ စစ်ကောင်စီက…

ရေးမှာ စစ်မှုထမ်းသင်တန်းဆင်းတွေနဲ့ နယ်မြေရှင်းလင်းရေးလုပ်လာ

ရေး ၊ ဇူလိုင် ၁၆ မွန်ပြည်နယ်ရဲ့ တစ်ခုတည်းသော စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခံထားရတဲ့ ရေးမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်းတပ်သားတွေနဲ့ နယ်မြေရှင်းလင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေနဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်နေ့က တိုင်းစစ်ဌာနချုပ်အလိုက် နယ်မြေခံသင်တန်းကျောင်းတွေမှာ စစ်မှုထမ်းအပတ်စဉ် ၁ သင်တန်းဆင်းခဲ့ကြတဲ့ တပ်သားတွေကို စစ်ကောင်စီက ဇူလိုင်လဆန်းမှာ တိုက်ပွဲဖြစ်တဲ့…

တနင်္သာရီတိုင်း စစ်ဘေးရှောင်တွေမှာ ဝမ်းရောဂါ ဖြစ်ပွားသူများလာ

တနင်္သာရီ၊ ဇူလိုင် ၁၆ တနင်္သာရီတိုင်းက စစ်ဘေးရှောင်ပြည်သူတွေမှာ အခုလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူများလာတယ်လို့ ဒေါနတနင်္သာရီစစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေဟာ ရေ၊ အစားအသောက်တွေနဲ့ လူနေထိုင်မှုစနစ်တွေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေတာဖြစ်ပြီး မနှစ်ကထက် ဖြစ်ပွားသူအရေအတွက် ပိုများလာတယ်လို့ သိရပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုဟာ စစ်ရှောင်စခန်းတွေအပါအဝင် စစ်ရှောင်ပြည်သူတွေ နေ ထိုင်ရာ ယာယီစစ်ရှောင်နေရာတွေမှာ အဖြစ်များနေပြီး…

ရှမ်းမန်းတိုက်ပွဲအတွင်း အရပ်သားသေဆုံးမှု ထပ်တိုးလာ

မိုးကုတ်၊ ဇူလိုင် ၁၆ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အဖြစ် ဆက်လက်ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းတို့က နှစ်ဖက်တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးမှု ထပ်တိုးလာတယ်လို့ သံလွင်တိုင်းမ်က ပြုစုထားတဲ့အချက်တွေအရ သိရပါတယ်။ ဇွန် ၂၅ ရက်နေ့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲ ရက်ပေါင်း ၂၀ ကာလအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား…

မွန်ပြည်နယ်အပါအဝင် ဒေသကြီး ၅ ခုမှာ ရေကြီးရေလျှံဘေး သတိပေးထား

မော်လမြိုင်၊ ဇူလိုင် ၁၅ ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်နေ့အထိ တစ်ပတ်တာကာလအတွင်း မွန်ပြည်နယ်အပါအဝင် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ မုတ်သုံမိုးကြောင့် ရေကြီး ရေလျှံဘေး အလေးထား သတိပြုဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM) က သတင်းထုတ်ပြန်ထားပါတယ်။ အခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ မုတ်သုံမုန်တိုင်းငယ်တစ်ခုဖြစ်လာပြီး မုတ်သုံလေ…

ဂန့်ဂေါမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံး၊ ဒဏ်ရာရရှိသူများထဲတွင် ကလေးငယ်များ ပါဝင်

မကွေး၊ ဇူလိုင် ၁၅ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ ခ.လ.ရ ၅၀ ကပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ကလေးငယ်တွေအပါအဝင် ၁၄ ဦး ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက​ သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်က ဂန့်ဂေါ ခ.လ.ရ ၅၀ ကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး လာပို့ရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တာပါ။…

သမ္မတ ပူတင်ကို လုပ်ကြံဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ဖူးတယ်လို့ ယူကရိန်း ပြော

ကိဗ်၊ ဇူလိုင် ၁၅ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို လုပ်ကြံသတ်ဖြတ်ရေး ကြိုးပမ်းမှု အကြိမ်ရေ တော်တော်များများ ရှိခဲ့တယ်လို့ ယူကရိန်း စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေး အကြီးအကဲ ကိုင်ရိုင်လို ဘူဒါနော့ဗ်က ဇူလိုင် ၁၃ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ သမ္မတ ပူတင်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုဟာ မအောင်မြင်ခဲ့ဘူးလို့ အကြီးအကဲ ဘူဒါနော့ဗ်က ယူကရိန်း…

ထိုင်းမှာ လုပ်ခလစာ တိုးပေးမှု မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေ အကျိုးခံစားရဖွယ် မရှိ

ဘန်ကောက်၊ ဇူလိုင် ၁၅ ထိုင်းအစိုးရက အနိမ့်ဆုံး လုပ်ခလစာ တိုးပေးဖို့ စီစဉ်ထားပေမယ့် ရွှေ့ပြောင်းအလုပ်သမားတွေဟာ အရင်က လစာတိုးပေးမှုတွေမှာ အကျုံးမဝင် ဖြစ်ခဲ့ပြီး တောင်းဆိုနိုင်စွမ်းလည်း မရှိ ဖြစ်နေကြောင်း အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ အနိမ့်ဆုံးလုပ်ခလစာကို အခုနှစ်အတွင်း နှစ်ကြိမ်တိုင် တိုးပေးခဲ့ပြီး နောက်ထပ်တစ်ကြိမ် တိုးပေးဖို့ ရှိနေပေမယ့် အလုပ်ရှင်တွေက ရွှေ့ပြောင်းအလုပ်သမားတွေအတွက်…