July 11, 2024

စစ်အာဏာသိမ်း (၁၂၅၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၃၈၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၁၂ AAPP ရဲ့ ဇူလိုင် ၁၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၅၇) ရက်အတွင်း ပြည်သူ (၅၃၈၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၀၃၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၃၀၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မွန်ပြည်နယ်ထွက်ကုန်တွေ အဆင့်မြှင့်တင်ဖို့ စက်မှုဇုန်ဖော်ဆောင်မယ်လို့ စစ်ကောင်စီကြွေးကြော်

မော်လမြိုင် ၊ ဇူလိုင် ၁၂ မွန်ပြည်နယ်က ထွက်ရှိတဲ့ ဒေသထွက်ကုန်တွေကို ပြည်တွင်းပြည်ပ တင်ပို့နိုင်ရေးနဲ့ ထုတ်ကုန်အ ရည်အသွေး မြင့်မားလာစေရေးအတွက် စက်မှုဇုန်တွေနဲ့ စက်ရုံစုတွေ ဖော်ဆောင်သွားမယ်လို့ စစ်ကောင်စီက ကြွေးကြော်လာပါတယ်။ စက်မှုဇုန်တွေ ဖော်ဆောင်ရေးအတွက် ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးမှာ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်ပြီး မွန်ပြည်နယ်…

မင်းအောင်လှိုင် အာဏာစွန့်မှာမဟုတ်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေသုံးသပ်

နေပြည်တော် ၊ ဇူလိုင် ၁၁ သမ္မတဟောင်း ဦးသိန်းစိန်ကနေတဆင့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာစွန့်ရေး ဖျောင်းဖျပေးဖို့ တရုတ်ရဲ့ ပြောဆိုမှုဟာ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ နိုင်ငံ ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ သမ္မတဟောင်း ဦးသိန်းစိန်က တရုတ်နိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့တွေ့ဆုံကာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး…

ကော့ကရိတ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ

ကော့ကရိတ်၊ ဇူလိုင် ၁၁ ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြောက်ဘက်ခြမ်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေထံကနေ သိရပါတယ်။ အဲဒီတိုက်ပွဲတွေဟာ ဇူလိုင် ၁၁ ရက်နေ့ မနက်ပိုင်းကစပြီး ကော့ကရိတ်မြို့မြောက်ပိုင်း မြပတိုင်ကျေးရွာအုပ်စုမှာ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု အသေးစိတ်မသိရသေးပေမယ့် စစ်ကောင်စီဘက်က အင်အားထပ်မံဖြည့်တင်းနေတာပါ။ တိုက်ပွဲကြောင့် မြပတိုင်ကျေးရွာအတွင်း လက်နက်ကြီးကျည်တွေ…

မြဝတီမြို့က လောင်းကစားဂိမ်းရုံတွေ ပိတ်သိမ်းဖို့ ကရင်လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ အမိန့်ထုတ်

မြဝတီ၊ ဇူလိုင် ၁၂ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့ပေါ်မှာ လောင်းကစားဂိမ်းရုံတွေအားလုံး ပိတ်သိမ်းဖို့ အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ဖြစ်တဲ့ KNU/KNLA PC နဲ့ DKBA တပ်ဖွဲ့တို့က ဇူလိုင် ၁၀ ရက်နေ့ ရက်စွဲနဲ့ အမိန့်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ မြဝတီမြို့ပေါ်က လောင်းကစားဂိမ်းဆိုင်တွေ ပိတ်သိမ်းဖို့၊ တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း မူးယစ်ဆေး ဝါးနဲ့ လောင်းကစားလုပ်ငန်းတွေမှာ မပြုလုပ်ဖို့ တားမြစ်ထားတဲ့အတွက်…

ထိုင်းမှာ ဆေးခြောက် ပြန်လည်သုံးစွဲခွင့်ရရေး အစာငတ်ခံ ဆန္ဒပြ

ဘန်ကောက်၊ ဇူလိုင် ၁၁ ထိုင်းမူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံးက ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် ပြန်လည်အတည်ပြုပြီးနောက် ဆေးခြောက် အသုံးပြုခွင့်လိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေက အစိုးရအနေနဲ့ သူတို့ရဲ့ အမြင်ကို နားထောင်ပေးဖို့ ဇူလိုင် ၁၀ ရက်ကစလို့ အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။ ဆေးခြောက်ကို တရားမဝင် မူးယစ်ဆေးဝါးအဖြစ် ပြန်သတ်မှတ်ရေး အခုလကုန်ပိုင်းမှာ ပြန်စဉ်စားဖို့ ဖြစ်နိုင်ခြေရှိကြောင်း အဲဒီဘုတ်အဖွဲ့ရုံးက ဇူလိုင်…

နောင်ချိုမြို့က ဒုံးတပ်ရင်း ပြန်သိမ်းနိုင်ပြီလို့ စစ်တပ်လော်ဘီတွေ သတင်းမှားဖြန့်

အမှန်/အမှား ++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့” နောင်ချိုမြို့ရှိ စစ်ကောင်စီရဲ့ အမှတ် ၆၀၆ ဒုံးတပ်ရင်းကို ပြန်သိမ်းနိုင်တယ် “ဆိုပြီး စစ်တပ်လော်ဘီတွေက ဝါဒဖြန့်ချိနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့…

တရုတ်ဆီကနေ မြန်မာစစ်ဗိုလ်ချုပ်တွေ လက်နက်အသစ်တွေ ရရှိနေ

ရန်ကုန်၊ ဇူလိုင် ၁၁ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ရခိုင်မှာ ရခိုင့်တပ်တော် အေအေက နယ်မြေတွေ တစ်ခုပြီး တစ်ခု သိမ်းယူနေချိန်မှာ စစ်ကောင်စီ ကိုယ်စားလှယ်တွေဟာ တရုတ်ကို အကြိမ်ကြိမ် သွားရောက်ပြီး ဘေဂျင်းအစိုးရဆီက လက်နက်အသစ်တွေ ရရှိနေတယ်လို့ ဆိုပါတယ်။ အနယ်နယ် အရပ်ရပ်က တိုက်ပွဲတိုင်းလိုလိုမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီကို ဘေဂျင်းကနေ လက်နက် အသစ်တွေ…

ပုလောတိုက်ပွဲမှာ စစ်ကောင်စီဗိုလ်မှူးတစ်ဦးအပါအဝင် ၅ ဦးသေဆုံးပြီး တပ်ကြပ် ၂ ဦး ဖမ်းဆီးရမိ

ပုလော၊ ဇူလိုင် ၁၁ တနင်္သာရီတိုင်း ပုလောမြို့နယ် ၅ မိုင်ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦးအပါအဝင် ၅ ဦး သေဆုံးပြီး တပ်ကြပ် ၂ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ အင်အား ၅၀ ဝန်းကျင်နဲ့ ၅ မိုင်ကျေးရွာအနီး စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အမှတ် ၂၈၅ ခြေမြန်…

လောင်းလုံးမှာ စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် အမျိုးသမီးငယ်တစ်ဦးသေဆုံး

လောင်းလုံး၊ ဇူလိုင် ၁၁ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် သဗျာကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇူလိုင် ၁၀ ရက်နေ့ နေ့လည်ပိုင်းမှာ လောင်းလုံးမြို့ကနေ စစ်ကြောင်းထွက်လာတဲ့ အင်အား ၃၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား သဗျာကျေးရွာအနီးမှာ…