July 8, 2024

စစ်အာဏာသိမ်း (၁၂၅၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၃၆၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၉ AAPP ရဲ့ ဇူလိုင် ၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၅၄) ရက်အတွင်း ပြည်သူ (၅၃၆၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၀၀၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၃၀၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ကျိုက်ထိုမှာ ရဲတပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံရပြီးနောက် ဒေသခံ ၁၀ ဦးထက်မနည်းအဖမ်းခံရ

ကျိုက်ထို၊ ဇူလိုင် ၉ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ ကဒက်ချောင်းရေတံခွန်မှာ ရဲတပ်ဖွဲ့ဝင်သုံးဦး ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီက ရေလာကစားသူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်က ကဒက်ချောင်းရေတံခွန် အရက်ဆိုင်တစ်ခုမှာ အရက်ထိုင်သောက်နေတဲ့ ကျိုက်ထိုရဲစခန်းက နယ်ထိန်းရဲတပ်ကြပ်အပါအဝင်…

One Love Hotel ဗုံးကြဲမှု တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့တယ်လို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့” ကျောက်မဲမြို့ One Love Hotel ကို စစ်ကောင်စီတပ် ဗုံးကြဲမှုမှာ ဒေသခံအရပ်သားတွေ သေဆုံးရမှုအပေါ် တော်လှန်ရေးသ မားတွေ သေဆုံးကြောင်း…

ဂျပန်နဲ့ဖိလစ်ပိုင် ကာကွယ်ရေး သဘောတူညီမှု လက်မှတ်ရေးထိုး

မနီလာ၊ ဇူလိုင် ၈ ဂျပန်နဲ့ဖိလစ်ပိုင်တို့ကြား ဇူလိုင် ၈ ရက်မှာ အရေးပါတဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီမှု တစ်ရပ်ကို လက်မှတ် ရေးထိုးလိုက်တာကြောင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ရေးအတွက် ဂျပန်တပ်တွေကို ဖိလစ်ပိုင်မှာ ချထားခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ရဲ့ သိမ်းပိုက်တာ ခံခဲ့ရဖူးတဲ့ ဖိလစ်ပိုင်ဟာ လက်ရှိမှာ တရုတ်ရဲ့ ချယ်လှယ်မှု ပိုများလာနေတဲ့…

ရေးမှာ အမျိုးသမီးတစ်ဦး ပစ်သတ်ခံရပြီး လာစစ်တဲ့ စစ်ကောင်စီအဖွဲ့က ဒေသခံ သုံးဦးကို ရိုက်နှက်နှိပ်စက်

ရေး၊ ဇူလိုင် ၈ မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာမှာ အမျိုးသမီးတစ်ဦး ပစ်သတ်ခံရပြီးနောက် လာရောက်စစ်ဆေးတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက ဒေသခံအမျိုးသား သုံးဦးကို ရိုက်နက်နှိပ်စက်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ မနေ့ ဇူလိုင် ၇ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ မော့ကနင်ကျေးရွာ ကားဆိပ်ပိုင်းနေ အသက် ၃၀ အရွယ် ဒေါ်နှင်းယုလှိုင်ကို အမည်မသိ သေနတ်သမား…

ရွေးကောက်ပွဲရှုံးနိမ့်ပြီးနောက် ပြင်သစ်ဝန်ကြီးချုပ် နုတ်ထွက်မယ်လို့ ကြေညာ

ပါရီ၊ ဇူလိုင် ၈ ပြင်သစ်ရွေးကောက်ပွဲ ဒုတိယအကျော့ အပြီးသတ်ရလဒ်တွေမှာ လွှတ်တော်အမတ်နေရာ အများစုကို လက်ဝဲယိမ်း ညွှန့်ပေါင်းအဖွဲ့ အနိုင်ရပြီးနောက် ဝန်ကြီးချုပ် ဂါဘရီရယ် အတ်တဲလ်က ရာထူးကနေ နုတ်ထွက်မယ်လို့ ကြေညာလိုက်ပါတယ်။ လက်ယာယိမ်း National Rally ပါတီ အနိုင်ရရှိခဲ့တဲ့ ပထမအကျော့ထက် မဲပေးသူ ပိုများခဲ့တဲ့ ဒုတိယအကျော့မှာ ဝန်ကြီးချုပ်နဲ့ သမ္မတ မက်ကရွမ်ရဲ့ ဗဟိုဝါဒီ…

ကျိုက်ထိုမှာ လက်နက်ကြီးကျလို့ ကလေး သုံးဦးအပါအဝင် ဒေသခံခြောက်ဦး ဒဏ်ရာရ

ကျိုက်ထို၊ ဇူလိုင် ၈ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ငှက်ပျောတောကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် သုံးဦးအပါအဝင် ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ KNU သထုံခရိုင် တာဝန်ရှိသူတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က တကေးချောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ တိုက်ပွဲမရှိဘဲ ငှက်ပျောတောကျေးရွာထဲကို…

အကျဉ်းထောင်တွေထဲက အမျိုးသမီးအကျဉ်းသူတွေရဲ့ အခြေအနေ ဘယ်လောက်ဆိုးရွားနေလဲ။

“မြန်မာနိုင်ငံမှာရှိတဲ့ မိခင်တွေ၊ ကလေးတွေ အမျိုးသမီးတွေ ပြောရမယ်ဆိုရင် အမျိုးသမီးလေးတွေကို စစ်ကောင်စီတပ်သည် မလေးစားတဲ့အပြင် မုဒိမ်းမှုတွေကျုးလွန်တယ်။ ညှဉ်းပန်းနှိပ်စက်မှုတွေ အားနွဲ့တဲ့ အမျိုးသမီးတွေကို နိုင်ထက်စီးနင်းလုပ်တယ်” မဇူးဇူးမေယွန်း (နိုင်ငံရေးအကျဉ်းသူများ အဖွဲ့) လက်ရှိ အာဏာသိမ်းကာလအတွင်း မြန်မာနိုင်ငံမှာရှိတဲ့ အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေ အထူးသဖြင့် နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ချခံထားရတဲ့ အကျဉ်းသူတွေဟာ ထောင်ဝန်ထမ်းတွေရဲ့ နိုင်ထက်စီးနင်း လုပ်ဆောင်တာကိုခံနေရပါတယ်။ ဥပမာအားဖြင့် မကြာသေးမီက…