June 2024

လမိုင်းလူငယ်ပရဟိတအဖွဲ့ ဥက္ကဋ္ဌအပါအဝင် ၅ ဦးကို စစ်တပ်ဖမ်းဆီး

ရေး၊ ဇွန် ၆ မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့အခြေစိုက် လမိုင်းလူငယ်ပရဟိတ အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းအောင်အပါအဝင် အဖွဲ့ဝင် ၅ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးစစ်ဆေးနေတယ်လို့ အဲဒီအဖွဲ့နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့က ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ရေးမြို့နယ်အခြေစိုက် စစ်ကောင် စီရဲ့ အမှတ် ၅၈၈ ခြေမြန်တပ်ရင်းက…

ကျိုက်မရောက PDF စစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ရဲဘော် နှစ်ဦး ဒဏ်ရာရ

ကျိုက်မရော၊ ဇွန် ၅ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ပနောကျေးရွာ ကော့ပနော-ကတုံစိကျေးရွာကားလမ်းပေါ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ အဲဒီစစ်ဆေးရေးဂိတ်ကို မနေ့ ဇွန် ၄ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ကင်းထောက်ပြီးနောက် ဒရုန်းနဲ့ ၃ လုံးဗုံးချတိုက်ခိုက်သွားတဲ့အတွက် PDF ရဲဘော်တွေ…

ရွေးကောက်ပွဲမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီအနိုင်ရတယ်လို့ ပြောပေမယ့်အတိုက်အခံတွေ အရှုံးမပေးသေး

နယူးဒေလီ၊ ဇွန် ၅ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီဟာ အာဏာဆက်လက် ရရှိနိုင်ခြေ ရှိနေပေမယ့် သူ့ရဲ့ ဟိန္ဒူအမျိုးသားရေးပါတီ BJP ဟာ ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်အနေနဲ့ လွှတ်တော်တွင်းက အမတ်နေရာအများစုကို လက်လွှတ်ရနိုင်ပါတယ်။ ဝန်ကြီးချူပ် မိုဒီရဲ့ နိုင်ငံရေးအင်အားစုဟာ အမတ်နေရာ ၂၄၀ နေရာ အနိုင်ရထားပေမယ့် အစိုးရဖွဲ့ရေး အမတ်နေရာ ၃၂ နေရာ…

ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရပါက နျူကလီးယားလက်နက် အသုံးပြုဖို့ အသင့်ပြင်ထားမယ်လို့ လေဘာပါတီ ခေါင်းဆောင် ပြော

လန်ဒန် ၊ ဇွန်၅ လေဘာပါတီ ခေါင်းဆောင် ကီယာ စတာမာက သူ့အနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး ဝန်ကြီးချုပ် ဖြစ်လာမယ်ဆိုပါက ဗြိတိန်ကို ကာကွယ်ရေး နျူကလီးယား လက်နက်တွေ အသုံးပြုဖို့ အဆင်သင့် ပြင်ထားမယ်လို့ ပြောကြားခဲ့ပါတယ်။ မိမိရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံ့လုံခြုံရေးဟာ အမြဲတမ်း ပထမ ဖြစ်နေမှာဖြစ်ကြောင်းနဲ့ ရွေးကောက်ပွဲနိုင်ရင် ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်မှာ…

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နာယက သူရဦးတင်ဦးကို နေအိမ်မှ ရေဝေးသုသာန်သို့ ပို့ဆောင်မှုမြင်ကွင်း (ဓာတ်ပုံသတင်း)

ရန်ကုန်၊ ဇွန် ၅ ဇွန်လ ၁ ရက်တုန်းက ကွယ်လွန်ခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ နာယကလည်းဖြစ်တဲ့ သူရဦးတင်ဦးရဲ့ စျာပနကို ရန်ကုန်မြို့က ရေဝေးသုသာန်မှာ ဒီနေ့ နေ့လယ် ၂ နာရီမှာ ဂူသွင်း သင်္ဂြိုဟ်မှာဖြစ်ပါတယ်။ ရေဝေးသုသာန်ကိုသွားတဲ့ သူရဦးတင်ဦးစျာပန နာရေးယာဥ်တန်းဟာ တက္ကသိုလ်ရိပ်သာလမ်းပေါ်က ခြံအမှတ် ၅၄ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အရှေ့ကနေ ဖြတ်သန်းခဲ့တာပါ။ ကွယ်လွန်ချိန်မှာ…

ဗျိုင်းဖြူရွာ အစုံလိုက်အပြုံလိုက် သတ်ဖြတ်မှု AA ကျူးလွန်တာလို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား+++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့” ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာက အရပ်သားပြည်သူတွေ အစုံလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဟာ စစ်ကောင်စီလက်ချက်မဟုတ်ဘဲ အာရက္ခတပ်တော် AA ကျူးလွန်တာ”ဆိုပြီး စစ်တပ်လော်ဘီတွေ ဝါဒဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။…

စစ်ကောင်စီဟာ အရပ်သားနဲ့စစ်ရေးပစ်မှတ်ကို ရောထွေးပြီး ပြည်သူတွေကို သတ်ဖြတ်နေတယ်လို့ NUG ယာယီသမ္မတ ပြော

နေပြည်တော် ၊ ဇွန် ၅ လက်ရှိအခြေအနေမှာ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားနဲ့ စစ်ရေးပစ်မှတ်ကို ရောထွေးပြီး အရပ်သားပြည်သူလူထုတွေကို အလုံးအရင်းသတ်ဖြတ်နေတဲ့ကိစ္စဟာ အင်မတန် ရက်စက်ကြမ်းကြုတ် ယုတ်ညံ့တာ တွေ့ရတယ်လို့ NUG ယာယီသမ္မတက ပြောပါတယ်။ ဇွန် ၄ ရက်နေ့က အွန်လိုင်းမှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၇/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက…

စစ်အာဏာသိမ်း (၁၂၂၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၂၂၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန် ၅ AAPP ရဲ့ ဇွန် ၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၂၀) ရက်အတွင်း ပြည်သူ (၅၂၂၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၈၁၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၅၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ကျောင်းဖွင့်ရာသီမှာ ဂျိုင်းမြစ်ဒေသက စစ်ရှောင်ပြည်သူတချို့ နေရပ်ပြန်လာ

ကော့ဘိန်း ၊ ဇွန် ၅ နှစ်ဖက်တိုက်ပွဲကြောင့် ဘေးလွတ်ရာတိမ်းရှောင်ခဲ့ကြရတဲ့ မွန်နဲ့ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသက ဒေသခံပြည်သူတချို့ ကျောင်းဖွင့်ရာသီမှာ နေရပ်ပြန်လာပြီး ဝင်ရောက်နေထိုင်လာကြတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်နှောင်းပိုင်းနဲ့ ဧပြီလအတွင်း ကော့ဘိန်းနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကနေ အစပြုကာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးမဟာမိတ်တပ်တို့ကြား ဂျိုင်းမြစ်ဝှမ်းဒေသအတွင်း တိုက်ပွဲပြင်း ထန်ခဲ့ပြီး ဒေသခံပြည်သူ တစ်သိန်းကျော်အထိ ဘေးလွတ်ရာတိမ်းရှောင်ခဲ့ရတာပါ။ အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်က…

လူမျိုးရေးနဲ့ဘာသာရေး အခြေခံပြီး AA နဲ့ KIA တို့ကို စစ်တပ်လော်ဘီတွေ ဦးတည်တိုက်ခိုက်နေ

စစ်တွေ ၊ ဇွန် ၅ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ အာရက္ခတပ်တော် AA ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကို ဦးတည်ကာ လူမျိုးရေးနဲ့ အရပ်သားသေဆုံးမှုတွေကို အခြေခံပြီး စစ်တပ်လော်ဘီတွေက ဝါဒဖြန့်မှု ပိုမိုလုပ်ဆောင်လာတယ်လို့ BACS ကနေ သိရပါတယ်။ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ရဲ့ မှတ်တမ်းတွေအရ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့…