June 2024

မြန်မာကို အကူအညီပေးရေး NUG နဲ့ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေး

မော်လမြိုင်၊ ဇွန် ၆ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝမ်တို့ဟာ မြန်မာကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၄ ရက်နေ့က ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပြီး အဲ့ဒီတွေ့ဆုံမှုမှာ မြန်မာပြည်သူတွေအတွက် ဩစတြေးလျနိုင်ငံအနေနဲ့ ကူညီပံ့ပိုးပေးမယ့် အခြေအနေတွေနဲ့…

မော်ရိုကိုက Youtuber တစ်ဦး ရွှေတြိဂံဒေသ မြန်မာပိုင်နက်မှာ ပျောက်ဆုံးနေ

ရွှေတြိဂံ၊ ဇွန် ၆ ရွှေကြိဂံဒေသရှိ မြန်မာပိုင်နက်မှာ ပြန်ပေးဆွဲခံထားရတဲ့ မော်ရိုကို နိုင်ငံသားတွေအကြောင်း ဖော်ပြဖို့ သွားရောက်ခဲ့တဲ့ မော်ရိုကိုနိုင်ငံသား Youtuber တစ်ဦးဟာ ထူးဆန်းတဲ့ အခြေအနေတွေနဲ့ ပျောက်ဆုံးနေကြောင်း သိရပါတယ်။ New Battuta လို့လည်း လူသိများတဲ့ မော်ရိုကိုနိုင်ငံသား အဒမ် တော်ဖစ်ဟာ မေ ၂၃ ရက်နေ့က သူ့မိသားစုနဲ့ နောက်ဆုံး အဆက်အသွယ်ရခဲ့ပါတယ်။…

ဆီဆိုင်မှာ အရပ်သားတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်

ဆီဆိုင်၊ ဇွန် ၆ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ကယန်းလေးကျေးရွာနေ ဒေသခံ အရပ်သားပြည်သူတစ်ဦးကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်PNO ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ PNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက ကယန်းလေးကျေးရွာနေ အသက် ၅၀ အရွယ် ဦးဂျော့လောင်ကို…

KNU ဖာပွန်ခရိုင်က စစ်ကောင်စီတပ်စခန်း ၅ ခု ထပ်မံစွန့်ခွာထွက်ပြေး

ဖာပွန်၊ ဇွန် ၆ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် ဘူးသိုမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မေလအတွင်း စစ်ကောင်စီတပ်စခန်း ၅ ခု အပြီးအပိုင် ရုတ်သိမ်းစွန့်ခွာသွားတယ်လို့ KNU တပ်မဟာ ၅ ဌာနချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေဖြစ်ကြတဲ့ ခမရ ၄၃၄ လက်အောက်ခံ ကျောက်ညှက်-ဝါလူစခန်း၊ တာဘူကျိုးစခန်း၊ ပန်ဟိုက်-ကဟီကျိုးစခန်း၊ ခလရ ၁၉…

ဘီးလင်းနဲ့သထုံမှာ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင်နေအိမ် ၁၂ လုံး ပျက်စီး

သထုံ၊ ဇွန် ၆ မွန်ပြည်နယ် ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်ထဲကို အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘုန်းကြီးကျောင်းအပါအဝင်နေအိမ် ၁၂ လုံး ပျက် စီးခဲ့တယ်လို့ KNU ဗဟို က ဇွန် ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့မှာ စစ်ကောင်စီတပ်ကနေ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာထဲကို…

ချီဗွေမှာ မြေရှားသတ္ထုမိုင်းတွင်း မြေပြိုမှုကြောင့် လူ ၅ ဦး သေဆုံးပြီး ၂၀ ကျော် ပျောက်ဆုံးနေ

ချီဗွေ၊ ဇွန် ၆ ကချင်ပြည်နယ် ချီဗွေမြို့ရှိ မြေရှားသတ္ထုရှာဖွေရေး မိုင်းတွင်းတစ်ခုမှာ မြေပြိုမှုကြောင့် တရုတ်နိုင်ငံသား တစ်ဦး အပါအဝင် သေဆုံးနေသူ လူ ၅ ဦး ကို ကယ်ဆယ်ရေးသမားတွေက ဇွန် ၅ ရက်နေ့မှာ ရှာဖွေတွေ့ရှိခဲ့ပြီး ပိတ်မိနေသူ ၂၅ ဦးကို ဆက်လက်ရှာဖွေနေကြောင်း ဒေသခံတွေက ပြောကြားခဲ့ပါတယ်။ ချီဗွေမြို့ရှိ မြေရှားသတ္ထုမိုင်းတွင်းမှာ ဇွန်…

စစ်အာဏာသိမ်း (၁၂၂၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၂၃၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန် ၆ AAPP ရဲ့ ဇွန် ၅ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၂၁) ရက်အတွင်း ပြည်သူ (၅၂၃၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၈၂၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၅၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ရွှေကို ရည်ညွှန်းဈေးနှုန်းအတိုင်းမရောင်းရင် ထိရောက်စွာ အရေးယူမယ်လို့ဆို

ရန်ကုန် ၊ ဇွန် ၆ ပြည်တွင်းရွှေဈေးနှုန်း စံချိန်တင်မြင့်တက်လာပြီးနောက် ဈေးနှုန်းပြန်လည်ကျဆင်းစေဖို့အတွက် သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးနှုန်းအတိုင်း မရောင်းချပါက ထိရောက်စွာ အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ဇွန် ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်း ဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းအနေနဲ့ နေ့စဉ်ရောင်းချရမယ့် ရွှေဈေးနှုန်းတွေကို တစ်နေ့ ၃ ကြိမ် ထုတ်ပြန်ပေးထားသလို သတ်မှတ်ဈေးနှုန်းအတိုင်း ရွှေဆိုင်တွေအနေနဲ့…

မော်လမြိုင်က စာသင်ကျောင်းတွေမှာ ကျောင်းအပ်နှံပါက ငွေကျပ်သိန်းနဲ့ချီတောင်းခံ

မော်လမြိုင် ၊ ဇွန် ၆ မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ် စာသင်ကျောင်းတွေမှာ ကျောင်းလာရောက်အပ်နှံတဲ့ ကျောင်းသားမိဘတွေဆီကနေ စစ်ကောင်စီလက်အောက်ခံ ကျောင်းအုပ်နဲ့ ဆရာ၊ ဆရာမတွေက ငွေကျပ်သိန်းနဲ့ချီ တောင်းခံတာတွေရှိတယ်လို့ ကျောင်းသားမိဘတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ငွေကြေးတောင်းခံရာမှာ ရပ်ကွက်ကျော်ပြီး ကျောင်းလာရောက်အပ်နှံသူတွေ၊ ကျောင်းပြောင်းရွှေ့သူတွေအပြင် အခုနှစ်မှကျောင်းစနေတဲ့ ကလေးငယ်တွေရဲ့ ကျောင်းသားမိဘတွေထံကနေပါ ငွေ ကြေးသိန်းနဲ့ချီ တောင်းခံတာတွေ ရှိနေပါတယ်။ ငွေးကြေးတောင်းခံတဲ့…

ထားဝယ်မူလတန်ကျောင်း ပေါက်ကွဲမှုဟာ တိုက်ပွဲလက်ကျန် ဗုံးသီးကြောင့်လို့ ဒေသခံတွေပြော

ထားဝယ်၊ ဇွန် ၆ ကလေးငယ်တွေအများအပြား ထိခိုက်သေဆုံးခဲ့ရတဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ် ကွက်ရှိ မူလတန်းကျောင်း ပေါက်ကွဲမှုဟာ တိုက်ပွဲလက်ကျန် ဗုံးသီးကြောင့်ဖြစ်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၄ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းကျောင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် တတိယတန်းက ကလေးတစ်ဦးသေဆုံးပြီး ၂၅ ဦး…