အမှန်/အမှား

++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့”တနင်္သာရီတိုင်း ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းကျောင်းဝန်းအတွင်း PDF တွေ မိုင်းထောင်ဖောက်ခွဲတာကြောင့် ကလေးတစ်ဦးသေဆုံးပြီး ၂၅ဦးဒဏ်ရာရရှိကြောင်း” ဆိုပြီး စစ်တပ်လော်ဘီ အကောင့်တွေက ဖြန့်ချိနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်လော်ဘီတွေက လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဇွန် ၄ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ တနင်္သာရီတိုင်း ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းကျောင်းထဲမှာ ဇွန် ၄ ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အသက် ၉ နှစ်အရွယ် တတိယတန်း ကျောင်းသားတစ်ဦးသေဆုံးပြီး ၂၅ ဦး ထိ ခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေနဲ့ လွတ်လပ်သော သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထားဝယ်မြို့ခံတစ်ဦးကတော့ အဲဒီပေါက်ကွဲမှုဟာ စစ်ကောင်စီတပ် ပစ်ခတ်ထားတဲ့ လက်နက်ကြီးကျည်ကို ကလေးတွေတွေ့ပြီး ဆရာမကိုလာပေးဖို့ လာစဉ်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တာလို့ RFA သတင်းဌာနကို ပြောပါတယ်။

မေလကုန်ပိုင်းက အိမ်ရှေ့ပြင်ရပ်ကွက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လာရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင် စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး မပေါက်ကွဲဘဲ ကျောင်းဝန်းထဲကျနေတာလို့လည်း ဒေသခံတွေရဲ့ ပြောပြချက်ကို RFA သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဒီပေါက်ကွဲမှုဟာ နှစ်ဖက်တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ် ထောင်ထားတဲ့မိုင်း ဒါမှမဟုတ် စစ်ကောင်စီတပ် ပစ်ခတ်မှုမှာ ကျန်ရှိခဲ့တဲ့ လက်နက်ကြီးဖြစ်နိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

RFAသတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

သံလွင်တိုင်းမ် သတင်းဌာနမှာ ဖော်ပြထားတဲ့ လင့်

https://www.facebook.com/story.php?story_fbid=510111528246325&id=100077424451291&rdid=TQKhLQbPPPhlWYA1

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.