June 3, 2024

စစ်အာဏာသိမ်း (၁၂၁၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၂၁၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန် ၄ AAPP ရဲ့ ဇွန် ၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၁၉) ရက်အတွင်း ပြည်သူ (၅၂၁၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၈၁၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၅၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးယုံနဲ့ ရွှေဈေးနှုန်း သိသိသာသာ ပြန်မကျနိုင်

မော်လမြိုင် ၊ ဇွန် ၄ ပြည်တွင်းရွှေဈေးနှုန်း စံချိန်တင်မြင့်တက်လာပြီးနောက် စစ်ကောင်စီက အထင်ကရ ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးအရေးယူလိုက်ယုံနဲ့ ရွှေဈေးနှုန်း သိသိသာသာ ကျဆင်းမှုမရှိနိုင်ဘူးလို့ စီးပွား ရေးပညာရှင်တွေနဲ့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီက နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အနှောက်အယှက် အဟန့်အထား ဖြစ်စေဖို့ ရည်ရွယ်ပြီး ရွှေဈေးကွက်အတွင်း အရောင်းအဝယ်မဖြစ်တဲ့ဈေးနှုန်းတွေနဲ့ ဈေးကစားပြီး နိုင်ငံ့စီးပွားရေး…

စစ်ကောင်စီလက်အောက် ကျောင်းအပ်နှံသူ သောင်းနဲ့ချီ ထပ်မံလျော့ကျ

မော်လမြိုင် ၊ ဇွန် ၄ အခုပညာသင်နှစ်အတွက် နိုင်ငံတဝန်းရှိ အခြေခံပညာကျောင်းတွေမှာ လာရောက်အပ်နှံသူ ၆၃ သိန်း ၉ သောင်းကျော်ရှိပေမယ့် မနှစ်ကထက် လျော့ကျလာတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေနဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအတွင်း တိုင်းနဲ့ပြည်နယ်ရှိ စစ်ကောင်စီထိန်း ချုပ်ထားတဲ့ အခြေခံပညာကျောင်းတွေ ကိုယ်ပိုင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ အပ်နှံကြသူတွေ ၆၃…

ရေးမှာ ရော်ဘာခြံလုပ်သားနှစ်ဦး အသတ်ခံရ

ရေး၊ ဇွန် ၄ မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းရွာဟောင်းကျေးရွာ ရော်ဘာခြံတစ်ခုမှာ ဇွန် ၁ ရက်နေ့ ည ၈ နာရီ အချိန်ခန့်က ရော်ဘာခြံလုပ်သားနှစ်ဦး အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ရော်ဘာခြံလုပ်သားတွေဖြစ်တဲ့ အသက် ၃၂ နှစ်အရွယ် ကိုကျော်ဇင်မိုးနဲ့ အသက် ၄၂ နှစ်အရွယ် ဦးကျော်လွင်ဦးတို့နှစ်ဦးကို အမည်မသိလူတစ်စုက သေနတ်နဲ့ပစ်ခတ်ပြီး ဓါးတွေနဲ့ပါ…

ကျိုက်ထိုမှာ လက်နက်ကြီးကျလို့ ကိုယ်ဝန်ဆောင် အမျိူးသမီးတစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရ

ကျိုက်ထို၊ ဇွန် ၄ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဝါးဒက်ကွင်းနဲ့မုက္ခမော့ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိူးသမီးတစ်ဦး အပါအဝင် အရပ်သားပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့က ကျိုက်ထိုမြို့နယ် သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၁၀ အ မြောက်တပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က…

ဂါဇာ အပစ်ရပ်ရေးအဆို အစ္စရေး လက်ခံမယ်လို့ အမေရိကန် မျှော်လင့်နေ

ဝါရှင်တန်၊ ဇွန် ၃ ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ပွဲတွေ သီတင်းခြောက်ပတ်ကြာ ရပ်ဆိုင်းထားမှုနဲ့အတူ စတင်မယ့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုကို ဟားမာ့စ်အဖွဲ့က လက်ခံမယ်ဆိုရင် အစ္စရေးကလည်း လက်ခံလိမ့်မယ်လို့ အမေရိကန်က မျှော်လင့်ကြောင်း အိမ်ဖြူတော်အကြီးတန်း အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က သမ္မတဂျိုးဘိုင်ဒန် မိတ်ဆက်ခဲ့တဲ့ အဆင့်သုံးဆင့်ပါ သဘောတူညီမှုမှာ လူသားချင်းစာနာထောက်ထားရေး အကူအညီ ပိုမိုပို့ဆောင်ရေးအပြင် စစ်ပွဲထာဝရ အဆုံးမသတ်ခင် ပါလက်စတိုင်းသား…

မက္ကစီကိုမှာ ပထမဆုံးအမျိုးသမီးသမ္မတ ရွေးကောက်ခံရ

မက္ကစီကိုစီးတီး၊ ဇွန် ၃ ရာဇဝတ်မှုထူပြောလှတဲ့ မက္ကစီကိုနိုင်ငံမှာ ရွေးကောက်ပွဲနေ့က အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပေမယ့် အမျိုးသမီးအများစု အနိုင်ရဖို့ အားသာနေတဲ့ သမ္မတရွေးကောက်ပွဲကို မက္ကစီကိုနိုင်ငံသားတွေ ဇွန် ၂ ရက်နေ့မှာ မဲပေးခဲ့ကြပါတယ်။ ဒေသဆိုင်ရာ နိုင်ငံရေးသမား နှစ်ဒါဇင်လောက် သတ်ဖြတ်ခံခဲ့ရပြီးနောက် ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲပေးသူတွေကို ကာကွယ်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် ထောင်နဲ့ချီပြီး ချထားခဲ့ပါတယ်။ ရွေးကောက်ပွဲ…

စစ်တွေမြို့နယ် ဗျိုင်းဖြူရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ပါဝင်သူအားလုံးကို လက်တုံ့ပြန်မယ်လို့ AA ပြော

စစ်တွေ၊ ဇွန် ၃ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာက အပြစ်မဲ့ အရပ်သားပြည်သူ ၅၃ ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမှာပါဝင်ခဲ့တဲ့ စစ်ကောင်စီရဲ့ တပ်မ၊ တပ်ရင်းနဲ့ ပါဝင်ပတ်သက်သူအာလုံးကို ပြင်းထန်စွာလက်စားချေ တုံ့ပြန်သွားမယ်လို့ ရက္ခိုင့်တပ်တော် AA က ဇွန် ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့က…

တနင်္သာရီမှာ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အလင်းဝင်

တနင်္သာရီ၊ ဇွန် ၃ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် သိန္ဓောကျေးရွာ အခြေစိုက် စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းမှ စစ်ကောင်စီတပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်လာခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၁ ထံက သိရပါတယ်။ ပြီခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က သိန္ဓောကျေးရွာ အခြေ စိုက် စစ်ကောင်စီရဲ့ ခလရ ၁၀၁ ရှေ့တန်းတပ် စခန်းမှ စစ်ကောင်စီတပ်သားတစ်ဦးဟာ…