ဆီဆိုင်၊ မေ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေရဲ့ လက် နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၁၀၀၀နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပအိုဝ်းအမျိုးသား လွတ် မြောက်ရေးတပ်မတော် PNLA က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှစပြီး ည ၈ နာရီအချိန်ထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့တွေဟာ လွယ်မောတောင်ဒေသ ပင်မူးကျေးရွာမှာ လက်နက်ကြီး အထိုင်ချပြီး ပန်ရန်း ရွာနဲ့ ထမ်းယံကျေးရွာတွေထဲ လက်နက်ကြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပန်ရန်းကျေးရွာနဲ့ ထမ်းယံကျေးရွာက အရပ်သားပြည်သူ ၁၀၀၀ နီးပါးဟာ ရွာလုံးကျွတ် တောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ PNLA က ဆိုပါတယ်။

ဒါအပြင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက ပအိုဝ်းကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်တိုက် ခိုက်မှုကြောင့် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲတာတွေ ရှိနေပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနေ့ မေ ၂၉ ရက်နေ့ကလည်း ဖက်နမ်ကျေးရွာအနီးမှာ ခရီသွားလာနေတဲ့ သာမန်အရပ်သား ပြည်သူ တစ်ဦး ကို စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရ ပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အရပ်သားပြည်သူဟာ ဖက်နမ်ကျေးရွာဒေသခံ မဟုတ်ဘဲ ခရီးသွားတစ်ဦး ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး သတ်ဖြတ်ခံရသူရဲ့ အသေးစိတ် အချက်အလက်တွေကို ဆက်လက်စုံစမ်းနေတယ်လို့ PNLA က ဆိုထားပါတယ်။

ပြီးခဲ့တဲ့ မေ ၂၇ ရက်နေ့ကလည်း ဆီဆိုင်မြို့နယ် နောင်ကျော်ကျေးရွာကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သိမ်ကျောင်းတစ်ဆောင်နဲ့ အရပ်သားပြည်သူနေအိမ် တစ်လုံး ထိမှန် ပျက်စီးခဲ့တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.