ကျိုက်ထို၊ မေ ၃၁

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ ဟဲဗီးဝိတ်တာယာဆိုင်ပိုင်ရှင်ကို PDF ထံ ငွေကြေးထောက်ပံ့တယ်ဆိုပြီး စစ်ကောင်စီတပ်က လာရောက်ဖမ်း ဆီးထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

ဟဲဗီးဝိတ်တာယာဆိုင်ပိုင်ရှင် ကိုအောင်လှမိုးခေါ် ကိုကြီးစိန်ကို ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်က လာရောက်ဖမ်ဆီးသွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ကိုအောင်လှမိုးဟာ မုပ္ပလင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထံ ငွေကျပ် ၅ သိန်းခွဲ နှစ်ကြိမ်ထောက်ပံ့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံထားရတဲ့ ကိုအောင်လှမိုးကို စစ်ကောင်စီက ကျိုက်ထိုမြို့မရဲစခန်းမှာ ချုပ်နှောင်ထားပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀ ည နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီ အမှုဖွင့်အရေးယူထားတဲ့ ပုဒ်မ ၅၀ ညအရ ကိုအောင်လှမိုးဟာ ပြစ်မှုထင်ရှားပါက အ မြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်တစ်သက် ဒါမှမဟုတ် ထောင်ဒဏ်အနှစ် ၂၀ အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ အာဏာသိမ်းသုံးနှစ်ပြည့် အစီရင်ခံစာအရ မွန်ပြည်နယ်မှာ အရပ်သားပြည်သူ ၉၀၀ ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.