May 29, 2024

စစ်အာဏာသိမ်း (၁၂၁၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၁၆၀) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၃၀ AAPP ရဲ့ မေ ၂၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၁၄) ရက်အတွင်း ပြည်သူ (၅၁၆၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၇၇၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၅၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မြန်မာ့စီးပွားရေး လဲပြိုသွားနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေသတိပေး

မော်လမြိုင် ၊ မေ ၃၀ စစ်တပ်အာဏာသိမ်းမှုနဲ့အတူ ဇောက်ထိုးကျလာတဲ့ မြန်မာ့စီးပွားရေးဟာ စစ်ကောင်စီရဲ့ စစ်အသုံး စရိတ်တိုးမြှင့်မှုအပါအဝင် မူဝါဒအလွဲမှားတွေကြောင့် စီးပွားရေးတစ်ခုလုံး လဲပြိုသွားနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။ မရေရာမသေချာမှုတွေ ဆိုးဆိုးဝါးဝါး ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေးဟာ ဒေါ်လာငွေ လိုအပ်ချက်ကြီးမားလာမှုနဲ့အတူ မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာတဲ့အတွက် သမိုင်းတလျှောက် မကြုံဖူးတဲ့ အခြေနေနဲ့ရင်ဆိုင်နေရတာပါ။ အခုမေလအတွင်း တရွေ့ရွေ့မြင့်တက်လာတဲ့ ဒေါ်လာဈေးနှုန်းဟာ မေ…

ကော့ကရိတ်မှာ တိုက်ပွဲလက်ကျန်မိုင်းထိလို့ အမျိုးသမီးတစ်ဦး ခြေထောက်ပြတ်

ကော့ကရိတ်၊ မေ ၃၀ ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ် ၄ ရပ်ကွက်မှာ တိုက်ပွဲလက်ကျန် မြေမြှုပ်မိုင်းနင်းမိ ပေါက် ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ခြေထောက်ပြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မေ ၂၈ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ နေရပ်ပြန်လာတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုး သမီးတစ်ဦးဟာ အိမ်နေခြံစည်းရိုးအနီး…

ကျိုက်ထိုမှာ လူငယ်နှစ်ဦး ပစ်ခတ်ဖမ်းဆီးခံရတာကြောင့် တစ်ဦးသေဆုံး

ကျိုက်ထို၊ မေ ၃၀ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ မေ ၂၈ ရက်နေ့ နေ့လည်ပိုင်းက လူငယ်နှစ်ဦး ပစ်ခတ်ဖမ်းဆီးခံရတာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ကော့ထင်းကျေးရွာ အရက်ဆိုင်တစ်ခုမှထိုင်နေတဲ့ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီးစဉ် ကြောက်လန့်ပြီး ထွက်ပြေးသွားတဲ့ လူငယ်တစ်ဦး ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားပါတယ်။ စစ်ကောင်စီတပ် ပစ်ခတ်ဖမ်းဆီးစဉ် ကော့ထင်းကျေးရွာနေ အသက် ၂၈…

ရေဖြူက CDM ကျောင်းဆရာမနှစ်ဦး ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံရ

ရေဖြူ၊ မေ ၃၀ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသကနေ စစ်ကောင်စီတပ် ဖမ်းဆီးထားတဲ့ CDM ကျောင်းဆရာမနှစ်ဦးကို မေ ၂၈ ရက်နေ့မှာ ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်ခံလိုက်ရတယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ CDM ကျောင်းဆရာမတွေဖြစ်တဲ့ ဒေါ်သီတာဦးနဲ့ဒေါ်နီလာစန်းတို့ကို ထားဝယ်အကျဉ်းထောင်တ ရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀…

နိုင်ငံတကာပိတ်ဆို့မှု ပြန်ရုပ်သိမ်းပေးဖို့ မွန်တိုးတက်ရေးပါတီအပါအဝင် ပါတီ ၂၅ ပါတီ တောင်းဆို

မော်လမြိုင်၊ မေ ၂၉ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို အမြန်ဆုံး ပြန်လည်ရုပ်သိမ်းပေးကြဖို့နဲ့ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အကျိုးသက်ရောက်မှုအခြေအနေမှန်ကို မူတည်စဉ်းစားပြီး ဝိုင်းဝန်းကူညီပေးကြဖို့ စစ်ကောင်စီ မှတ်တင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ ၂၅ ပါတီက သဘောထားထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ စစ်တပ်ကျောထောက် နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဦးဆောင်တဲ့ နိုင်ငံရေးပါတီတွေရဲ့ တွေ့ဆုံဆွေးနွေးပွဲကို မေ ၂၈ ရက်နေ့က ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ MCC ခန်းမမှာ…

ဘုရင့်နန်းတော် စော်ကားမှုနဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် အမှုရင်ဆိုင်ရမယ်

ဘန်ကောက်၊ မေ ၂၉ ဘုရင့်နန်းတော်ကို စော်ကားတယ်ဆိုတဲ့အမှုနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာကို ထိုင်းအစိုးရရှေ့နေချုပ်ရုံးက စွဲချက်တင်သွားမှာဖြစ်ကြောင်း အရာရှိတစ်ဦးက မေ ၂၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဝါရင့်နိုင်ငံရေးသမား ဝန်ကြီးချုပ်ဟောင်း သက်ဆင်အပေါ် သစ္စာစောင့်သိသူတွေဟာ လက်ရှိအစိုးရအဖွဲ့မှာ ပါဝင်နေတာကြောင့် ဒါဟာ သူ့အတွက် ဆုတ်ယုတ်မှုတစ်ခု ဖြစ်ပါတယ်။ သက်ဆင်ရဲ့ ညီမ ယင်လတ် ရှင်နာဝါထရာ…

PDF လူငယ်နှစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှု အမှုဖွင့်နိုင်ရေး ကုလ ပြင်ဆင်

နယူးယောက်၊ မေ ၂၉ မကွေးတိုင်းမှာ PDF လူငယ်နှစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ကျူးလွန်သူတွေကို ရာဇဝတ်မှုဆိုင်ရာ အမှုဖွင့်နိုင်ရေး အချက်အလက်တွေပေးအပ်ဖို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ကောင်စီထံ တောင်းဆိုလိုက်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင် လူငယ်နှစ်ဦးဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် ဖိုးတေနဲ့ အသက် ၂၂ နှစ်အရွယ် သားထောင်တို့ မီးရှို့သတ်ဖြတ်ခံရမှု ဗီဒီယို ဖိုင်တစ်ခုဟာ…