ကျိုက်မရော၊ မေ ၂၈

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းမှာ တော်လှန်ရေးပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ ရှောင် တခင်စစ်ဆေးမှု ပြုလုပ်ရာနေရာတွေကို စစ်ကောင်စီလက်အောက်ခံ ခမရ(၂၀၈)က ပစ်ခတ်တိုက် ခိုက်မှုတွေပြုလုပ်ခဲ့လို့ ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဂဠုန်စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသ၊ စစ်ဒေသခွဲ (၃) ဂဠုန်စစ် ကြောင်းနဲ့ မွန်ပြည်နယ်လွတ်မြောက်ရေးတပ်တော် (MLA) တို့ရဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေ ရှောင်တခင်စစ်ဆေးမှုတွေပြုလုပ်ခဲ့တဲ့ နေရာတွေကို ပြီးခဲ့တဲ့ မေ ၂၆ ရက်နေ့က စစ်ကောင်စီရဲ့ခမရ (၂၀၈) က ပစ်ခတ်တိုက်ခိုက်မှု တွေပြုလုပ်ခဲ့တာပါ။

ကျိုက်မရောအခြေစိုက် ခမရ (၂၀၈) က အဲဒီနေရာတွေကို နေ့လယ် ၁၁ နာရီ ၃၀ မိနစ်မှာ ၆၀ မမ လက်နက်ကြီးနဲ့ တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်မှာ ၁၀၅ မမ လက်နက်ကြီးနဲ့ ၂ ကြိမ် ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ အများပြည်သူအသုံးပြုနေတဲ့ လမ်းမတွေပေါ်ကို ကျရောက်ခဲ့ပြီး အနီးမှာရှိတဲ့ ပြည်သူလူထု နေအိမ်တွေကိုပါ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်စေခဲ့ တာပါ။

ထိတွေ့တိုက်ပွဲမရှိပါဘဲ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဂဠုန်စစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့ကလည်း KNU တပ်မဟာ ( ၆ ) နယ်မြေ ကျုံဒိုးမြို့အတွင်းမှာ ဂဠုန်စစ် ကြောင်းနဲ့ KNU တပ်မဟာ (၆) ဒူးပလာယာခရိုင်က KNDO တပ်ရင်း ( ၆ ) ပူးပေါင်းမဟာမိတ် တပ် ဖွဲ့တွေဟာလည်း အများပြည်သူလုံခြုံရေးအတွက် ရှောင်တခင်စစ်ဆေးမှုတွေကိုလည်း ပြုလုပ်ခဲ့ကြပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဂဠုန်စစ်ကြောင်းသတင်းနှင့်ပြန်ကြားရေးအဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.