ဘန်ကောက်၊ မေ ၁၀
ထိုင်းဝန်ကြီးချုပ် ဆရီထာ သာဗီဆင်က အခုနှစ်ကုန်ရင် ဆေးခြောက်ကို မူးယစ်ဆေးအဖြစ် ပြန် လည်သတ်မှတ်သွားမယ်လို့ မေ ၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံဟာ ဆေးခြောက်ကို အပန်းဖြေသုံးစွဲမှု ရာဇဝတ်မှု မမြောက်ဘူးလို့ သတ်မှတ်တဲ့ အာရှတိုက်ရဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပြီးနောက် နှစ်နှစ်အကြာမှာပဲ အံ့သြစရာကောင်းလောက်အောင် ဂငယ်ကွေ့ ပြန်ကွေ့မှုတစ်ခုလည်း ဖြစ်ပါတယ်။
၂၀၂၅ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၁ ဒသမ၂သန်း တန်ဖိုး ရှိလာဖို့ ရည်မှန်ထားပြီး ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ထိုင်းနိုင်ငံတဝှမ်း ဆေးခြောက်ဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ထောင်နဲ့ချီပေါ်လာခဲ့ပြီး ပြည်တွင်းဈေးကွက် အားကောင်းနေပေမယ့် ဝန်ကြီးချုပ်က အဲဒီအတိုင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဆရီထာ သာဗီဆင်က မိမိအနေနဲ့ ဥပဒေပြင်ဆင်ရေး၊ ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် ပြန်လည်သတ်မှတ်ရေး ကျန်းမာရေးဝန်ကြီးကို ညွှန်ကြားလိုကြောင်း လူမှုမီဒီယာမှာ ရေး သားထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆေးခြောက်ကို ဆေးဖက်ဆိုင်ရာနဲ့ ကျန်းမာရေးအတွက်လောက်ပဲ သုံးစွဲခွင့်ပြုရေး ဥပဒေတစ်ရပ် မြန်မြန်ဆန်ဆန် ထုတ်သင့်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ထိုင်းမှာ ၂၀၁၈ ခုနှစ်က ဆေးခြောက်ကို ဆေးဖက်ဆိုင်ရာအတွက် အသုံးပြုခွင့်ပေးခဲ့ပြီး အရင်အ စိုးရလက်ထက် ၂၀၂၂ ခုနှစ်ကစလို့ အပန်းဖြေ သုံးစွဲခွင့်ပေးခဲ့ပါတယ်။
ဝေဖန်သူတွေက ဒီလိုခွင့်ပြုတာဟာ အလျင်စလိုနိုင်လွန်းတယ်လို့ ပြောကြားပြီး ဥပဒေသတ်မှတ်ချက်တွေနဲ့ ပတ်သက်လို့ ရှုပ်ထွေးမှုတွေ အများကြီးဖြစ်ရတယ်လို့ ပြောပါတယ်။
မူးယစ်ဆေးတွေဟာ မိမိတို့နိုင်ငံရဲ့ အနာဂတ်ကို ဖျက်ဆီးနေတဲ့ ပြဿနာတစ်ခုဖြစ်ပြီး မူးယစ်ဆေးရောင်းသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းမှာဖြစ်သလို ဆေးဝါးကုသမှုအပိုင်းကို တိုးချဲ့သွားမယ်လို့ သူက ဆိုပါတယ်။
ဆေးခြောက်ကို မူးယစ်ဆေးအဖြစ် ပြန်သတ်မှတ်လိုက်မယ်ဆိုရင် စီးပွားရေးအတွက် ဆိုးရွားတဲ့လုပ်ရပ် ဖြစ်လာမှာ ဖြစ်သလို လုပ်ငန်းအသေးစားတွေနဲ့ စားသုံးသူတွေအတွက် ကြီးမားတဲ့ထိုး နှက်ချက် ဖြစ်လာမယ်လို့ ထိုင်းနိုင်ငံရဲ့ Cannabis Future Network အတွင်းရေးမှူးချုပ် ပရာဆစ်ချိုင်းက ပြောပါတယ်။
ဆေးခြောက်စိုက်ပျိုးနေသူတွေ၊ ဆေးခြောက်ဆိုင်ဖွင့်ထားသူတွေ အများကြီးရှိပြီး သူတို့ရဲ့ လုပ်ငန်းတွေ ပိတ်သိမ်းရတော့မယ်လို့ သူကပြောပါတယ်။
Ref: Reuters