April 10, 2024

တော်ဝင်ဥပဒေနဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို စွဲချက်တင်ဖို့ ထိုင်းအစိုးရ မဆုံးဖြတ်ရသေး

ဘန်ကောက်၊ဧပြီ ၁၁ နန်းတော်ကိုစော်ကားတယ်ဆိုတဲ့ တိုင်ကြားချက်နဲ့ ပတ်သက်ပြီး ဩဇာကြီးမားတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို စွဲချက်တင်ဖို့နဲ့ မတင်ဖို့ ကြားနာမှုကို ထိုင်းအစိုးရရှေ့နေချုပ်က ရွှေ့ဆိုင်းမှာဖြစ်တယ်လို့ သူ့ရဲ့ရှေ့နေက ဧပြီ ၁၀ ရက်နေ့မှာ ပြောခဲ့ပါတယ်။ ဒီအမှုကို အစိုးရရှေ့နေချုပ်က စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သက်ဆင်ရဲ့ ရှေ့နေ ဝင်ယက် ချာမွန်ထရီက ရိုက်တာကို ပြောခဲ့တာပါ။ စုံစမ်းစစ်ဆေးမှုမပြီးဆုံးသေးတာကြောင့် နောက်ထပ်ကြားနာစစ်ဆေးမယ့် အစီအစဉ်ကို…

မြန်မာစစ်ရှောင် တစ်သိန်းအထိ လက်ခံဖို့ ပြင်ဆင်ထားတယ်လို့ ထိုင်းအစိုးရ ပြော

ဘန်ကောက်၊ဧပြီ ၁၁ တိုက်ပွဲတွေပြင်းထန်နေတဲ့ မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်လာမယ့် စစ်ရှောင်တစ်သိန်း အထိ လက်ခံဖို့ ကြိုတင်ပြင်ဆင်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၉ ရက်နေ့မှာ ပြောခဲ့ပါတယ်။ ထိုင်းနဲ့မြန်မာဟာ ကီလိုမီတာ ၂၄၀၀ နယ်နိမိတ်ချင်းထိစပ်နေပြီး မြန်မာစစ်တပ်ဟာ မကြာသေးခင်လတွေက ရှုံးပွဲအလီလီနဲ့ ရင်ဆိုင်ခဲ့ရသလို နယ်မြေတွေ တပ်စခန်းတွေအများကြီးလက်လွှတ် ဆုံးရှုံးထားရတာပါ။ နိုင်ငံခြားရေးဝန်ကြီး ပမ်ပရီ ဘာဟီနူကာရာက ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားတာ…

စစ်အာဏာသိမ်း (၁၁၆၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၈၇၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၁၁ AAPP ရဲ့ ဧပြီ ၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၆၅) ရက်အတွင်း ပြည်သူ (၄၈၇၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၅၀၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၇၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မြဝတီမြို့တိုက်ပွဲကို ဒုစစ်ခေါင်းဆောင်ကိုယ်တိုင် တိုက်ရိုက်ညွှန်ကြားနေ

မော်လမြိုင် ၊ ဧပြီ ၁၁ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီမြို့ မကျရေးအတွက် ဒုစစ်ခေါင်းဆောင် ဒုတိ ယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် တိုက်ရိုက်ညွှန်ကြားနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒုစစ်ခေါင်းဆောင်ဟာ မြဝတီမြို့ မကျရေးအတွက် မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ် ဌာနချုပ် (ရတခ) မှာ ကိုယ်တိုင်ရုံးထိုင်ပြီး စစ်ဆင်ရေးကို အဓိကကိုင်တွယ်နေတယ်လို့ ဆိုပါတယ်။ ဒုစစ်ခေါင်းဆောင် ရုံးထိုင်နေတဲ့ ရတခစစ်ဌာနချုပ်ကို ပြီးခဲ့တဲ့…

NUG အနေနဲ့ နိုင်ငံရေးမူဝါဒဆိုင်ရာကိစ္စရပ်တွေမှာ NUCC နဲ့ မတိုင်ပင်ဘဲမလုပ်ဖို့ အကြံပြုချမှတ်

ရန်ကုန် ၊ ဧပြီ ၁၁ အမျိုးသားညီညွတ်‌ရေးအစိုးရ NUG အနေနဲ့ နိုင်ငံရေးမူဝါဒဆိုင်ရာကိစ္စရပ်တွေမှာ အမျိုးသားညီ ညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကို ဆွေးနွေးတိုင်ပင်မှုမရှိဘဲ မလုပ်ဖို့ ပြည်သူ့ညီလာခံကနေ အကြံပြုချမှတ်ခဲ့တယ်လို့ NUCC က ထုတ်ပြန်ပါတယ်။ နှစ်နှစ်ကျော်အကြာမှာ ပြန်လည်ကျင်းပနိုင်ခဲ့တဲ့ ဒုတိယကြိမ် ပြည်သူ့ညီလာခံကနေ ချမှတ်ခဲ့တဲ့ အချက် ၂၁ ချက်ထဲမှာ NUCC နဲ့ NUG…

စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် မွန်ပြည်သစ် AD တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး

ကျိုက်မရော၊ ဧပြီ ၁၁ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက် ခိုက်မှုကြောင့် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပါတီဘက်က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့က ဓမ္မသကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မွန်ပြည်သစ် AD မဟာမိတ်ပူးပေါင်းတပ်တို့ကြား ကျေးရွာအပြင်ဘက်မှာ နေ့လည် ၂…

မြဝတီမြို့မကျရေး စစ်ကောင်စီတပ် စစ်ကူစစ်ကြောင်းတွေ အဆက်မပြတ်ပို့ဆောင်နေ

မြဝတီ၊ ဧပြီ ၁၁ တိုက်ပွဲတွေပြင်းထန်နေတဲ့ မြဝတီမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေတစ်ဆင့် လေ ယာဉ်ဗုံးကြဲတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေသလို မြေပြင်ကနေလည်း တင့်ကားတွေပါဝင်တဲ့ စစ်ကူစစ်ကြောင်းတွေ ပို့လွှတ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ကရင်ပြည်နယ် မြဝတီမှာ တစ်ခုထဲသာ ကျန်ရှိနေတော့တဲ့ စစ်ကောင်စီရဲ့ ခလရ ၂၇၅ တပ်ရင်းကို ဧပြီ ၉ ရက်နေ့ကစပြီး KNLA…

မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌဟောင်း ဒေါက်တာအောင်နိုင်ဦးကို စစ်တပ် ဖမ်းဆီး

မော်လမြိုင် ၊ ဧပြီ ၁၀ မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဌဟောင်း ဒေါက်တာ အောင်နိုင်ဦးကို ဒီကနေ့ ဧပြီ ၁၀ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ကျိုက်မရောမြိုနယ် ဂျိုင်းမြစ်ဒေသတွင်းရှိ ကော့သပ်၊ ကော့စွယ်ကျေးရွာဘက်က စစ်ရှောင်တွေကို ဒေါက်တာ အောင်နိုင်ဦးက လူသားချင်းစာနာမှုအကူအညီတွေ…

သထုံမှာ ကျောက်တင်ရထား မိုင်းခွဲခံရ၊ စက်ခေါင်းမောင်းသူတစ်ဦး ဒဏ်ရာရ

သထုံ၊ ဧပြီ ၁၀ မွန်ပြည်နယ် သထုံမြို့နယ် တံတားဦးကျေးရွာ သိမ်ဆိပ်ဘူတာနဲ့ ဒုံဝန်းဘူတာကြားမှာ ကျောက်တင်ရထား မိုင်းခွဲခံရတာကြောင့် ရထားတိမ်းမှောက်ပြီး စက်ခေါင်းမောင်းသူတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီနေ့ ဧပြီ ၁၀ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ သထုံဘက်ကနေ ဘီးလင်းဘက်ကို ခုတ်မောင်းလာတဲ့ ကျောက်တင်ရထားဟာ သိမ်ဆိပ်ဘူတာနဲ့ ဒုံဝန်းဘူတာကြားမှာ မိုင်းခွဲခံခဲ့ရတာ…

ပခုက္ကူ ခလရ ၂၅၂ က စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးလက်နက်နဲ့ အလင်းဝင်

ပခုက္ကူ၊ဧပြီ ၁၀ မကွေးတိုင်း၊ပခုက္ကူအခြေစိုက် စစ်ကောင်စီ ခလရ ၂၅၂ တပ်က စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်နဲ့ အလင်းဝင်ရောက်လာတယ်လို့ ရေစကြို Southern YSO PDF အဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့မနက်ပိုင်းက အသက် ၂၀ အရွယ်တပ်သား အောင်ဆန်းလင်းနဲ့ အသက် ၁၈ နှစ်အရွယ် တပ်သား အောင်သက်ပိုင်တို့ဖြစ်တယ်လို့…