မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ရွာတဝက်နီးပါးမီးလောင်ခဲ့တာဟာ တော်လှန်ရေးတပ်တွေ လက်ချက် ကြောင့်ဖြစ်တယ်လို့ စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွား မှာဖြစ်ပါတယ်။

ဒီအကြောင်းကို Kyaw Swar၊Truth Media ၊ ဟန်ငြိမ်းဦးနဲ့ မှိုင်းဝေစတဲ့ စစ်အုပ်စုဝါဒဖြန့် ချန်နယ် တွေနဲ့ စစ်တပ်လိုဂိုအသုံးပြုထားတဲ့ အကောင့်တုတွေက မတ်လ ၂၇ ရက်နေ့က စတင်ဖြန့်ဝေနေ ကြတာပါ။ 

စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲမှုနဲ့ ဂျိုင်းမြစ်အတွင်းက စစ်သင်္ဘောတို့မှ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်မှုကြောင့် ကျိုက်မရောမြို့နယ်၊ ဓမ္မသရွာက အရပ်သားနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ ရတယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေနဲ့ လွတ်လပ်သော မီဒီယာတွေမှာ ရေးသားထားပါ တယ်။ 

မွန်ပြည်နယ်အခြေစိုက် သတင်းဌာတစ်ခုဖြစ်တဲ့ သံလွင်တိုင်းမ် သတင်းဌာနမှာ တရနာမှာ တပ်စွဲ ထားတဲ့ စစ်ကောင်စီတပ်က ဓမ္မသရွာကို အမြောက်နဲ့ ပစ်ခတ်လိုက်တဲ့အတွက် ရွာထဲမှာရှိတဲ့ ပြည်သူတွေနဲ့ နေအိမ်တွေပေါ်ကျပြီး မီလောင်ပျက်စီးတာတွေရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီလေယာဉ်နဲ့ စစ်သင်္ဘောနှစ်စင်းက ပစ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲ ရာမှ ဓမ္မသ ကျေးရွာထဲမှာ နေအိမ်တွေ မီးလောင်မှုဖြစ်နေပြီး စစ်ကောင်စီက မီးသတ်ကားဝင် ခွင့်မပြုခဲ့ဘူးလို့ ဒေသခံတွေကို မေးမြန်းပြီး မဇ္ဈိမသတတင်းဌာနက ရေးသားထားပါတယ်။ 

သံလွင်တိုင်းမ် သတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://web.facebook.com/watch/?v=397333023076873&extid=CL-UNK-UNK-UNK-AN_GK0T-GK1C&ref=sharing&mibextid=Nif5oz&_rdc=1&_rdr

မဇ္ဈိမ သတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid0vZp3Lbr2EM5kqAwaHAZQMJPVimKWc5skJGntE4FejXVzZX5pkPJdQbpcxPXUDJ9Sl&id=100067928020493&mibextid=Nif5oz&_rdc=1&_rdr

VOA သတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://web.facebook.com/photo.php?fbid=825092912979399&set=a.633089848846374&type=3&mibextid=Nif5oz&_rdc=1&_rdr

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.