မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ညောင်ကန်ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ပြီး ရက္ခိုင့်တပ်တော် AA ဘက်က လုပ်တာလို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ သတင်းမှားဖြန့်နေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို Snow Queen၊ ကျော်စွာ၊ဟန်ငြိန်းဦးနဲ့ မှိုင်းဝေစတဲ့ စစ်တပ်ဝါဒဖြန့် မီဒီယာတွေ အပါအဝင် စစ်တပ်လိုဂိုအသုံးပြုထားတဲ့ အကောင့်တုတွေက မတ်လ ၂၂ ရက်နေ့မှာ စတင် ဖြန့်ဝေနေတာပါ။ 

ဖြစ်စဉ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီ မြေပုံမြို့နယ် ညောင်ကန်ကျေးရွာကို ဂျက် တိုက်လေယာဉ် နှစ်စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကျေးရွာအတွင်းက ဘာသာရေး အဆောက်အအုံနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေနဲ့ လွတ်လပ်တဲ့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နှစ်စီနဲ့ မတ်လ ၂၂ ရက်နေ့ မနက် ၁၀ နာရီလောက်ကစပြီး ညနေ ၅ နာရီအထိ တိုက်ပွဲဖြစ်ပွဦးတာမရှိဘဲ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ညောင်ကန် ကျေးရွာသားတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး  Western News-WN သတင်းဌာနက ဖော်ပြ ထားပါတယ်။ 

ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာ သတင်းဌာနကလည်း စစ်ကောင်စီက ၂ ကြိမ်တိုင်ဗုံးလာကြဲ ခဲ့တဲ့ အတွက် သေဆုံးသူတွေရှိခဲ့သလို ဒဏ်ရာရရှိသူတွေနဲ့ ဘုန်ကြီးကျောင်းအပါအဝင် လူနေ အိမ်တွေ ပျက်စီးသွားတယ်လို့ ရေးသားဖော်ပြထားပါတယ်။

လွတ်လပ်တဲ့ သတင်းဌာနဖြစ်တဲ့ DVB မှာတော့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာတွေ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သားတွေ သေဆုံးပြီး နေအိမ် အများ အပြားလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ ရေးသားထားပါတယ်။

 Western News-WN သတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid0B8Sd7YwrA42Mi3hP7Hws24w1tWxa3Z87BBtqhznPqapwXQSTfoBVo8M8RtvihTxdl&id=100063883071441&mibextid=Nif5oz&_rdc=1&_rdr

နိရဉ္စရာ သတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid02B3RC31L429uW4wjYCEPnxbq3eiubhBJFMRxLWivfo8RkG3noc3srFFEXTpU9hHSYl&id=100064714144852&mibextid=Nif5oz&_rdc=1&_rdr

DVB သတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid0eLkFyGjf7TWKNS2hkXaxkTzMMVL1Vng9zSqNCPnaAZWXoMRULCk9xDPkiio7ZW4bl&id=100064451569209&mibextid=Nif5oz&_rdc=1&_rdr

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.