အီးယူက ယူကရိန်းကို ယူရို ၅ ဘီလျံတန်ဖိုးရှိတဲ့ စစ်ရေးအကူအညီပေးမယ်
ဘရပ်ဆဲလ်၊ မတ် ၁၅ ယူကရိန်းကို အရှိန်မြှင့်ကူညီပေးရေး ရန်ပုံငွေတစ်စိတ်တစ်ပိုင်းအဖြစ် ယူရို ၅ ဘီလျံ ကန်ဒေါ်လာ ၅ ဒသမ ၄၈ ဘီလျံ တန်ဖိုးရှိတဲ့ စစ်ရေးအကူအညီပေးဖို့အတွက် EU အဖွဲ့ဝင်နိုင်ငံတွေက သဘောတူညီခဲ့ကြပါတယ်။ လများစွာကြာ အချေအတင်ဆွေးနွေးခဲ့ကြပြီးနောက် ဘရပ်ဆဲလ်မြို့မှာ ကျင်းပတဲ့ အစည်းအဝေးအတွင်း အီယူအဖွဲ့ဝင် ၂၇ နိုင်ငံရဲ့ သံအမတ်ကြီးတွေက အခုလိုသဘောတူညီခဲ့ကြတာပါ။ ဆွေးနွေးမှုတွေမှာ…