မင်္ဂလာပါရှင် 

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ 

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ရခိုင်ပြည်နယ်၊စစ်တွေမြို့မစျေးကို စစ်ကောင်စီရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တာ ကြောင့် စျေးထဲက ဒေသခံပြည်သူတွေသေဆုံးတာကို ရက္ခိုင့်တပ်တော် AA က ပစ်ခတ်လိုက် တယ်ဆိုပြီး စစ်ကောင်စီမီဒီယာတွေမှာ သတင်းမှားဖြန့်နေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို Ye Ba Nyein၊မှိုင်းဝေ၊ Saw Ba Maung၊ ဟန်ငြိမ်းဦးနဲ့ နောင်ရိုးစစ်သည် စတဲ့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေနဲ့ စစ်တပ်လော်ဘီအကောင့်တုတွေက ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့ စတင်ဖြန့်ဝေနေတာပါ။ 

ဖြစ်စဉ်မှာဖေဖော်ဝါရီလ ၂၉ ရက်နေ့ မနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့မစျေးကြီးကို အာဏာသိမ်းစစ်ကောင်စီ ရေတပ်မှ လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တဲ့အတွက် အပြစ်မဲ့ပြည်သူ ၁၀ ဦးထက်မနည်းသေဆုံးပြီး ၃၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံ တွေကို ကိုးကားပြီး ဒေသတွင်းအခြေစိုက်သတင်းဌာနတွေနဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ 

စစ်တွေမြို့မစျေးအတွင်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့နေရာကို စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲချိန်မှာ စျေးအတွင်းမှာရှိတဲ့ ပြည်သူတွေထွက်ပြေးကြရပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေကို လူနာတင်ကားတွေနဲ့ သယ်ယူနေရတယ်လို့ မျက်မြင်တွေ့သူတွေကို ကိုးကားပြီး Western News သတင်းဌာနမှာ ဖော်ပြထားပါတယ်။ 

DVB သတင်းဌာနမှာတော့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာ ဖေဖော်ဝါရီ ၂၉ ရက် ဒီမနက် ၈ နာရီခွဲက ပြည်တော်သာရပ်ကွက်၊ ဓညဝတီရေတပ်စခန်းမှာရှိတဲ့ စစ်ကောင်စီရေတပ်က ပစ်ခတ် လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့အတွက် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးကာ ၃၀ နီးပါး ဒဏ်ရာရရှိသွားတယ်လို့ စစ်တွေဒေသခံတွေကို ကိုးကားပြီး ဖော်ပြထားပါ တယ်။ 

လွတ်လပ်တဲ့သတင်းဌာနတခုဖြစ်တဲ့ မဇ္ဈိမသတင်းဌာနမှာလည်း လက်နက်ကြီးကျရောက်ချိန် အသက်ဘေးက လွတ်မြောက်လာတဲ့ စျေးသည်တချို့ကို ကိုးကားပြီး လက်နက်ကြီး နှစ််လုံးကျ ရောက်ပေါက်ကွဲခဲ့သလို နောက်ဆုံးအလုံးမှာ လူထိမှန်သေဆုံးသွားတာဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။ 

Western News သတင်းဌာနက ဖော်ပြထားတဲ့သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid02SyRu9TXzCtPpxbhT3RkNg9P6Y1xMbLqALj3pbx2r215uMFnHMRD3hXGCRoj2UKdPl&id=100063883071441&mibextid=Nif5oz&_rdc=1&_rdr

DVB သတင်းဌာနက ဖော်ပြထားတဲ့သတင်း

https://burmese.dvb.no/post/640852

မဇ္ဈိမသတင်းဌာနက ဖော်ပြထားတဲ့သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid057ij27UH87dfhXPhfa9ATDxunCxS5J98FrHVck3HLtvwvJ42XPbgiqsATnrzKqh7l&id=100067928020493&mibextid=Nif5oz&_rdc=1&_rdr

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.