မန္တလေး – မတ် ၂ 

အာဏာသိမ်းစစ်ကောင်စီတပ်သားတစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ထံ ကို လက်နက်နဲ့ အလင်းဝင်ရောက်လာတဲ့အတွက် ဂုဏ်ပြုဆုငွေပေးအပ်ခဲ့တယ်လို့ MDY PDF က ဒီနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အလင်းဝင်ရောက်လာတာဖြစ်ပြီး သူနဲ့အတူ MA-11 တစ်လက်၊ကျည်ဘောက် ၇ ဘောက်၊ကျည် ၂၅၀ ၊ဆိုင်ကယ်တစ်စီးနဲ့ အလင်းဝင်ရောက် လာတာပါ။

အာဏာသိမ်းစစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာလည်း နှစ်ကြိမ် အလင်းဝင်ရောက်လာတယ်လို့ MDY PDF က အသိပေးထားပြီး ပြည်သူတွေဘက်ရပ်တည်ပြီး အလင်းဝင်ရောက်လိုသူတွေကိုလည်း နွေးထွေးလုံခြုံစွာလက်ခံပေးမယ်လို့ အသိပေးထားပါ တယ်။ 

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ စစ်သား ၃၀၀၀၀ နီးပါးအလင်းဝင်ရောက်ထားတယ်လို့ NUG ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MDY PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.