မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ 

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်က ကျေးရွာ ၃ ရွာကို PDF တွေပစ်ခတ်လို့ ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ စစ်တပ်လော်ဘီတွေက သတင်းမှားဖြန့် နေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို နောင်ရိုးဟစ်တိုင်၊Kyaw Swar၊Saw Ba Maungနဲ့ ဟန်ငြိမ်းဦး စတဲ့ စစ်တပ် ဝါဒဖြန့် မီဒီယာတွေမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဓာတ်ပုံတွေနဲ့ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာ ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်က ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ၈၁ မမ ဗုံးသီးတွေကြဲချပြီး စက်လက်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကလေးငယ် ၂ ဦးအပါအဝင်  ပြည်သူ ၄ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သက်ဆိုင်ရာ ဒေသခံ PDF အဖွဲ့နဲ့ လွတ်လပ်သော သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ရွာတွေကို မြေပြင်ကနေ စစ်ကြောင်း ထိုးတဲ့အခါတိုင်း ကြားဖြတ်တိုက်ခိုက်ခံရတာတွေရှိတဲ့အတွက် ပတ်ဝန်းကျင်က ကျေးရွာတွေကို ပစ်ခတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကို ကိုးကားပြီး BBC သတင်းဌာနကို ဖော်ပြထားပါတယ်။ 

RFA သတင်းဌာနမှာတော့ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက ကျေးရွာတွေကို ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးရဲ့ ပြောဆိုချက်နဲ့ သတင်းဖော်ပြထားပါတယ်။ 

 ဒေါင်းမင်းသား ရေတာရှည်မြို့PDFအဖွဲ့ရဲ့ ထုတ်ပြန်ချက်

https://mobile.facebook.com/story.php?story_fbid=pfbid02Dh4T6u5N8LgXispKJKSQZ1er1XMpYcha7Qfx7Yagj1jdA28f2wvrXWDcqLH5opRLl&id=100083583660087&mibextid=Nif5oz&_rdc=1&_rdr

BBCသတင်းဌာနဖော်ပြထားတဲ့သတင်း

https://www.bbc.com/burmese/articles/cp6xx15j4r8o?fbclid=IwAR3LkaQZFE5UlPs9bwywzKvaFqxhqp5Pm7HpRcQaBUGkpw6A13TFGkPHf5A

RFAသတင်းဌာနဖော်ပြထားတဲ့သတင်း

https://www.rfa.org/burmese/news/military-airattack-children-death-02212024113239.html?fbclid=IwAR1jVDwLaoAl7Di0pAR8_AUoqI_oDhk9s4ztmf3JDUQKl5s5sJPUGN0_31g

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.