မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှား/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ပျူစောထီးခေါင်းဆောင် သင်္ကန်းဝတ်ဝါသဝဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲတွေထဲကို ဝင်ရောက် လာသူတွေများလာတယ်လို့ စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ သတင်းမှားဖြန့်ဝေနေတာနဲ့ပတ်သက် ပြီး စိစစ်ပေးသွားမှာပါ။ 

ဒီအကြောင်းကို PAN၊Positive Angle News စတဲ့ စစ်တပ်လော်ဘီအကောင့်တု့တွေက ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့တကွ ဖြန့်ဝေနေတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းကျွန်းလှနဲ့ ကန့်ဘလူမြို့က ကျေးရွာတွေမှာ သင်္ကန်ဝတ်ဝါသဝဦးဆောင်တဲ့ ပျူအဖွဲ့ နဲ့ စစ်အုပ်စုဟာ ပျူစောထီးသင်တန်းမတက်တဲ့ ရွာတွေကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ထားသလို သင်တန်းတက်ရောက်သူတွေကိုတော့ လက်နက်တပ်ဆင်ပေးမယ်ဆိုပြီး ပြောဆိုနေတာဖြစ်ပါတယ်။ 

ဒါ့အပြင်ကျေးရွာအိမ်ခြေအလိုက် အလှည့်ကျ ကင်းစောင့်ရပြီး လစဉ်ငွေကြေးတွေကိုလည်း ကျေးရွာပေါ်မူတည်ကာ တစ်အိမ်ကို တလ ၁၅၀၀၀ ကျပ်ကနေ ၃၀၀၀၀ အထိအတင်းအကြပ် ပေးဆောင်ခိုင်းနေတယ်လို့ ဒေသတွင်းအချက်အလက်တွေ ဖော်ပြနေတဲ့ Infinity Group ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

လွတ်လပ်တဲ့သတင်းဌာနတစ်ခုဖြစ်တဲ့ Mandalay Free Press သတင်းဌာနက စစ်ကိုင်းတိုင်း ကျွန်းလှနဲ့ ကန့်ဘလူမြို့မှာ သင်္ကန်းဝတ် ဝါသဝ ဦးဆောင်တဲ့ ပျူနဲ့ စစ်အုပ်စုက မြို့အဝင်အထွက် တွေကို ပိတ်ဆို့ကာ ဒေသခံ ပြည်သူတွေကို ခြိမ်းခြောက် ဖိအားပေးပြီး ပျူသင်တန်းတက်ခိုင်းနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကို ကိုးကားပြီးသတင်းဖော်ပြ ထားပါတယ်။ 

ဒါ့အပြင် ဧရာဝတီသတင်းဌာနကလည်း ပျူစောထီးတွေက ဒေသခံတွေဆီကနေ ဆပ်ကြေး ကောက်ခံတာ၊ကျွဲ၊နွား လယ်ယာနဲ့ ကောက်ပဲသီးနှံတွေကို အကြမ်းဖက်သိမ်းယူနေတယ်လို့ ဖော်ပြထားပါတယ်။ 

သင်္ကန်းဝတ် ဝါသဝရဲ့ပျူစောထီးအဖွဲ့က ခြိမ်းခြောက်ပြီး ပျူစောထီးသင်တန်းတက်ခိုင်းတဲ့ဖြစ် စဉ်ကို ဖော်ပြထားတဲ့ Infinity Groupရဲ့အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်

https://web.facebook.com/permalink.php?story_fbid=pfbid0FBmLP6oU47FBSiX2r67xNPGNcSjmNFNGmp5J2CjPNL5DiYFh6ZxYQ2W1xHswR9c7l&id=100076863513093&_rdc=1&_rdr
https://web.facebook.com/permalink.php?story_fbid=pfbid0FBmLP6oU47FBSiX2r67xNPGNcSjmNFNGmp5J2CjPNL5DiYFh6ZxYQ2W1xHswR9c7l&id=100076863513093&_rdc=1&_rdr

Mandalay Free Press သတင်းဌာန ဖော်ပြထားတဲ့ သတင်း

https://web.facebook.com/watch/?v=192244916871457

The Irrawaddy Burmese သတင်းဌာနကဖော်ပြထားတဲ့သတင်း

https://web.facebook.com/watch/?extid=CL-UNK-UNK-UNK-AN_GK0T-GK1C&mibextid=Nif5oz&v=2288609617966878

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.