မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှား/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ယောကာကွယ်ရေးတပ် YDF ရဲဘော်နှစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကျေးရွာ ဖြစ်တဲ့ မြောက်ခင်ရန်းရွာမှာ မီးရှို့သတ်ဖြတ်ခဲ့တာဟာ စစ်တပ်လက်ချက်မဟုတ်ဘူးလို့ သတင်း မှားထုတ်လွှင့်နေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ 

ဒီအကြောင်းကို MRTV၊MWD၊ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာတွေက ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ဖော်ပြထားပါတယ်။

အခင်းဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကို ပျူစောထီးရွာကထွက်ပြေးလာတဲ့ ရွာသားတွေက ခိုးထုတ်လာတာဖြစ်ပြီး အဒဲဖြစ်စဉ်ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က ဖြစ်ခဲ့တာလို့ ဂန့်ဂေါ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက DVB သတင်းဌာနကို ပြောထား ပါတယ်။

ဖြစ်စဉ်မှာ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာ(ပျူစောထီးရွာ) မြောက်ပိုင်း ဆေးရုံရှေ့ ကုက္ကိုလ်ပင်နားမှာ YDF ရဲဘော် ၂ ဦးကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက အရှင် လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ယောကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါ တယ်။

မြောက်ခင်ရန်းရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေက ဖမ်းဆီးရ မိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်လိုက်ကြတဲ့အကြောင်းကို YDF စစ်ကြောင်းမှူးကို မေးမြန်းပြီး မဇ္ဈိမသတင်းဌာနက ဖော်ပြထားပါတယ်။ 

DVBသတင်းဌာနဖော်ပြထားတဲ့ သတင်း

https://m.facebook.com/story.php?story_fbid=pfbid0HPYFxWvUjDh6Z7pfx6xZmpvyrf2q2VbLKFCAejs7Q7QL1Zn34R352VBbRmdvJBTWl&id=100064451569209&mibextid=Nif5oz

YDF တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်

https://m.facebook.com/story.php?story_fbid=pfbid0QgWZZT1cJYJyPCW6UUdA91GxXhXWFXyw55mhZBSXMW53dbE7BjJdtSzzXJoz3CLBl&id=100082984346859&mibextid=Nif5oz

Mizzimaသတင်းဌာန ဖော်ပြထားတဲ့ သတင်း
https://fb.watch/q405M4Zm-_/?mibextid=Nif5oz

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.