February 8, 2024

ပါကစ္စတန်မှာ ရွေးကောက်ပွဲအကြိုနေ့ ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၈ ဦးသေဆုံး

ကရာချီ၊ ဖေဖော်ဝါရီ ၉ ပါကစ္စတန်နိုင်ငံအနောက်တိုင်ပိုင်းမှာရှိတဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတွေရဲ့ ရုံးခန်းအပြင်မှာ ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် လူ ၂၈ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် လုံခြုံရေးတပ်ဖွဲ့ဝင် ငါးသိန်းကျော်ချထားသလို အရာရှိတွေက မဲရုံပေါင်း ၉ သောင်းကျော်ထံ မဲစာရွက်တွေ…

ကမ္ဘာကြီးဟာ ဝရုန်းသုန်းကား ခေတ်ကာလထဲ ရောက်ရှိနေပြီလို့ ကုလအကြီးအကဲ ပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၉ အစ္စရေး-ဟားမာ့စ် စစ်ပွဲလိုအရေးကြီးတဲ့ ပြဿနာတွေကို သဘောထားကွဲလွဲမှုတွေနဲ့အတူ လုံခြုံရေးကောင်စီက မဖြေရှင်းနိုင်ဖြစ်နေတဲ့ အခြေအနေနဲ့အတူ ကမ္ဘာကြီးဟာ ဝရုန်းသုန်းကား ခေတ်ကာလထဲ ရောက်ရှိနေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က ပြောပါတယ်။ ဂူတာရက်ဇ်က တောင်ပိုင်းမြို့ရာဖာကို အစ္စရေးတပ်တွေ ဖိတိုက်မယ်ဆိုပါက လူသားချင်းစာနာ ထောက်ထားရေး အိပ်မက်ဆိုးကို ပိုမိုအခြေအနေဆိုးရွားလာစေလိမ့်မယ်လို့ ဖေဖော်ဝါရီ ၇ ရက်နေ့က ပြောခဲ့တာပါ။…

မွန်ပြည်သစ်နယ်မြေထဲ စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၉ ဦး ဒဏ်ရာရ

ရေး၊ ဖေဖော်ဝါရီ ၈ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဖြစ်တဲ့ မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းရွာဟောင်း ကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ရေးမြို့နယ် ကလော့ကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ်(၃၁၆) အမြောက်တပ်ကနေ ပြီးခဲ့ တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ ည…

ရှားတောမှာ စစ်ကောင်စီက ကိုယ်ဝန်ဆောင်အပါအဝင် ၇ ဦးကို သတ်ဖြတ်ခဲ့

ရှားတော – ဖေဖော်ဝါရီ ၈ ကရင်နီပြည်နယ် ရှားတောမြို့နယ်မှာ ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် စစ်ရှောင် ၇ ဦးကို စစ်ကောင်စီတပ်က လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီးနောက် လမ်းခုလတ်မှာ အားလုံးကို သတ်ဖြတ်ခဲ့တယ်လို့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က ပြောပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၅ ရက်နေ့က စစ်ရှောင် ၈ ဦးကို လမ်းပြအဖြစ်ဖမ်းဆီးခဲ့ပြီး အဲဒီထဲက ကိုယ်ဝန်သည်တစ်ဦး၊အမျိုးသမီး…

PDF တွေကို မီးရှို့သတ်ခဲ့တဲ့ ပျူစောထီးရွာကို စစ်တပ်လေယာဉ်နဲ့ လက်နက်လာချပေး

ဂန့်ဂေါ – ဖေဖော်ဝါရီ ၈ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်က PDF ရဲဘော်နှစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့တဲ့ ပျူစောထီးကျေးရွာ တွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ လက်နက်တွေထောက်ပံ့ပေးခဲ့တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က လက်နက်ငယ်နဲ့ စစ်သုံးပစ္စည်းတွေကို ကလေးမြို့ကတဆင့် MI – 17 နဲ့ ဟံသာဝတီပျူစောထီးကျေးရွာကို လာရောက်ပေးအပ်ခဲ့တာပါ။ ကလေးမြို့ကတဆင့်…

ဆီဆိုင်မြို့က ဘာသာရေးအဆောက်အအုံတွေကို စစ်တပ်ဖျက်ဆီးနေတယ်လို့ PNLA ပြော

ဆီဆိုင် – ဖေဖော်ဝါရီ ၈ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နဲ့ ၇ မိုင်အကွာမှာရှိတဲ့ ထီတမောင်း ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေပစ်ခတ်ခဲ့တဲ့အတွက် ဇရပ်နဲ့ ဓမ္မာရုံအဆောက်အအုံတွေ ပျက်စီးခဲ့ရတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၇ ရက်နေ့ကပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး အဲဒီနေရာတွေမှာ တိုက်ပွဲ ဖြစ်ပွားနေတာမရှိသလို PNLA တပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာလည်းမဟုတ်ဘူးလို့ ဆိုထားပါတယ်။ PNLA…

သံဖြူဇရပ်မှာ အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်တောက်ဒဏ်ရာရ

သံဖြူဇရပ်၊ ဖေဖော်ဝါရီ ၈ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အနင်းနဲ့ထင်းရှုးကျေရွာကြားမှာ ရော်ဘာခြံသွားတဲ့ အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် ခြေထောက်ပြတ်တောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အနင်းကျေးရွာနေ အသက် ၅၀ အရွယ် ဒေါ်မလေးဟာ နေအိမ်ကနေ ထင်းရှုးကျေးရွာရှိ ရော်ဘာခြံအသွားမှာ မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာပါ။ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ဒေါ်မလေးဟာ ဘယ်ဘက်ခြေထောက် ပြတ်တောက်ဒဏ်ရာနဲ့ ညာဘက်…

ရေးမှာ ပြည်သူ့စစ်ဂိတ်တိုက်ခိုက်ခံရလို့ ၁ ဦး သေဆုံး ၁ ဦး ဒဏ်ရာရ

ရေး၊ ဖေဖော်ဝါရီ ၈ မွန်ပြည်နယ် ရေးမြို့နယ် ရွှေပြည်သာကျေးရွာရှိ စစ်ကောင်စီ သြဇာခံ ပြည်သူ့စစ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြည်သူ့စစ်အဖွဲ့ဝင်တွေ တပ်စွဲနေထိုင်နေတဲ့ အဲဒီစစ်ဆေးရေးဂိတ်ကို မနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်မှာ ရေးဘီလူးအဖွဲ့က…

ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ်စခန်းတွေကို AA အပြီးသတ်သိမ်းပိုက် မောင်တော၊ ဖေဖော်ဝါရီ ၈ မြန်မာ-ဘင်္ဂလာဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့ရှိ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်စခန်းတွေလည်းဖြစ်တဲ့ ဗျူဟာစခန်းနှစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်ရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၇ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်စခန်းတွေဖြစ်တဲ့ တောင်ပြို(လက်ယာ)စခန်းကို ဖေဖော်ဝါရီ ၄ ရက်နေ့၊…

PDF ရဲဘော်နှစ်ဦး မီးရှို့သတ်ဖြတ်ခံရတာ စစ်တပ်လက်ချက်မဟုတ်ဘူးလို့ သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှား/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ယောကာကွယ်ရေးတပ် YDF ရဲဘော်နှစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကျေးရွာ ဖြစ်တဲ့ မြောက်ခင်ရန်းရွာမှာ မီးရှို့သတ်ဖြတ်ခဲ့တာဟာ စစ်တပ်လက်ချက်မဟုတ်ဘူးလို့ သတင်း မှားထုတ်လွှင့်နေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို MRTV၊MWD၊ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာတွေက ဖေဖော်ဝါရီလ…