မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှား/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီးမော့ဆိုမြို့ကို တပ်မတော်လေကြောင်းနဲ့ ပစ်ခတ်မှုမလုပ်ခဲ့ဘူးလို့ စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေနဲ့ လော်ဘီတွေသတင်းမှားဖြန့်နေတာကို စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်အုပ်စုလက်အောက်ခံ ကြေးမုံ၊မြန်မာ့အလင်းသတင်းစာ၊MWD၊MRTV၊ MOI အပါအဝင် အကောင့်တုတွေနဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ စတင် ဖြန့်ဝေနေကြတာပါ။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်ကစပြီး ဒေါဆီအီကျေးရွာမှာရှိတဲ့ စစ်ရှောင်စာသင်ကျောင်း ၂ ကျောင်းကို စစ်တိုက်လေယာဉ် ၂ စီးနဲ့ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့တာကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်နယ်အတွင်းက အခြေအနေတွေကို ဖော်ပြပေးနေတဲ့ JOBS For Kayah ကလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၂ နှစ်ကနေ ၁၄ နှစ်အတွင်း ကလေး ၄ ဦးသေဆုံးခဲ့ ပြီး အသက် ၃ နှစ်အောက်ကလေးငယ်တွေအပါအဝင် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ သွားတယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့ ဖော်ပြထားပါတယ်။

ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်း ဒေါဆီအီကျေးရွာမှာရှိတဲ့ စစ်ရှောင်စာသင်ကျောင်းကို စစ်တပ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေး ၄ ဦးသေဆုံးပြီး ၁၀​ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကို မေးမြန်းပြီး သံလွင်တိုင်းမ်ကလည်း သတင်း ဖော်ပြထားပါတယ်။ 

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီရဲ့ သတင်းထုတ်ပြန်ချက်

https://mobile.facebook.com/story.php?story_fbid=pfbid02uDhMa9xPir3yUDAut2QYWAzy9wrJJcyS9ed5jTcKeGm7Eu5Bz8w4yJSXF2hPFCaDl&id=100069442572761&mibextid=Nif5oz&_rdc=1&_rdr

JOBS For Kayah အဖွဲ့က ဓာတ်ပုံမှတ်တမ်းတွေနဲ့ဖော်ပြမှု

https://mobile.facebook.com/story.php?story_fbid=pfbid02oGp27N9DmehHTsUazLps9FhuBkazZXbXZUmgN2e7X4ZcPbNrtR2ECYEH7aKbCxbvl&id=61552725266339&mibextid=Nif5oz&_rdc=1&_rdr

သံလွင်တိုင်းမ် ဖော်ပြထားတဲ့ သတင်း

https://www.facebook.com/share/p/So334mYF5NP35tGZ/?mibextid=RqrPsF

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.