ဝါရှင်တန်၊ ဖေဖော်ဝါရီ ၃

ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ အီရန်ကျောထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်မှုတွေပြုလုပ်ဖို့ အမေရိကန်အစိုးရက ခွင့်ပြုပေးလိုက်ပြီဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

ဂျော်ဒန်နိုင်ငံအခြေစိုက် အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက် စခန်းတစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် အမေရိကန်စစ်သား ၃ ဦး သေဆုံးသွားပြီး အဲဒီတိုက်ခိုက်မှုကို အီရန်ကျော်ထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေက လုပ်ဆောင်ထားတာ ဖြစ်တယ်လို့ ဝန်ခံထားပါတယ်။

အီရတ်ရှိ အစ္စလာမ်မစ်ခုခံရေး အဖွဲ့လို့ခေါ်တဲ့အဖွဲ့ဟာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က လက်နက်တပ်ဆင်လေ့ကျင့်သင်ကြားပေးပြီး ရန်ပုံငွေထောက်ပံ့ထားတဲ့ အဖွဲ့တော်တော် များများကို ထိန်းချုပ်ထားတယ်လို့ ဆိုနေကြပါတယ်။

Tower – 22 လို့ခေါ်တဲ့ စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းတိုက်ခိုက်ခံရတာကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၄၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပြီး အီရန်ကတော့ သူတို့နဲ့ ပတ်သက်မှုမရှိဘူးလို့ ငြင်းဆန်ထားပါတယ်။

အမေရိကန်ထောက်လှမ်းရေးတွေက တိုက်ခိုက်မှုပြုလုပ်ချိန်မှာအသုံးပြုခဲ့တဲ့ ဒရုန်းဟာ အီရန် ထုတ်ဒရုန်းဖြစ်တယ်လို့ သတ်မှတ်ထားပြီး ယူကရိန်းကို ရုရှားတပ်တွေတိုက်ခိုက်ချိန်မှာအသုံးပြု တဲ့ ဒရုန်းတွေနဲ့ ဆင်တူတယ်လို့လည်း အရာရှိတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေးဝန်ကြီး အော်စတင်က စစ်ရေးအရ တုံ့ပြန်ဖို့ကြန့်ကြာနေတာနဲ့ပတ်သက်ပြီး အချိန်နဲ့ ဘယ်နေရာတွေကို လက်တုံ့ပြန်မယ်ဆိုတာကို ဆုံးဖြတ်ပြီးမှ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုခဲ့တာပါ။

အမေရိကန်စစ်တပ်အနေနဲ့ ရာသီဥတုဆိုးရွားနေတဲ့ အခြေအနေတွေမှာလည်း တိုက်ခိုက်နိုင် ပေမယ့် အရပ်သားသေဆုံးမှုမရှိရအောင် မြင်နိုင်စွမ်းမြင့်မားတဲ့ အချိန်မှာ တိုက်ခိုက်သွားဖို့ ရှိနေတယ်လို့ အရာရှိတွေက ပြောထားပေမယ့် ဘယ်အချိန်မှာလုပ်ဆောင်သွားမယ်ဆိုတာ ကိုတော့ အသိပေးထားတာမရှိပါဘူး။

ဒီလိုလက်တုံ့ပြန်ဖို့ စီစဉ်နေပေမယ့် အမေရိကန်က အီရန်နဲ့ပိုကျယ်ပြန့်တဲ့ စစ်ပွဲဖြစ်လာစေဖို့ ကြိုးပမ်းနေတာမဟုတ်သလို ဒေသတွင်း ပိုကြီးမားတဲ့ စစ်ပွဲဖြစ်လာအောင်ဖန်တီးနေတာ မဟုတ်ဘူးလို့ အစိုးရတာဝန်ရှိသူတွေက ပြောထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.