မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

MNDAA က ဒေသခံတွေကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းတွေပါမကျန် ဗုံးခွဲဖျက်ဆီးခဲ့လို့ ဒေသခံတွေ ငိုကြွေးနေကြတယ်လို့ စစ်တပ်လော်ဘီတွေက သတင်းမှားဖြန့်ဝေနေတာနဲ့  ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို ဟန်ငြိမ်းဦး၊အောင်စစ်သည်၊Saw Ba Maung၊ဘညွန့်စတဲ့ စစ်တပ်လော်ဘီ အကောင့်တုတွေက ဇန်နဝါရီလ ၂၆ ရက်နေ့ကစပြီး ရုပ်သံဖိုင်တွေနဲ့ ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့  ညနေ ၄ နာရီကျော်မှာ စစ်တပ်ဂျက်လေယာဉ်နဲ့ ဗုံး ၃ လုံးလာရောက်ကြဲချခဲ့တဲ့အတွက် နမ္မတူမြို့နယ်က မန်လီကျေးရွာဘုန်းကြီးကျောင်းထဲကျ ရောက်ပေါက်ကွဲခဲ့ပြီး ပတ်ဝန်းကျင်က အသက် ၂၀ အရွယ် TNEC ကျောင်းဆရာမ လွေးမေဖြိုး အိ ကိုထိမှန်သေဆုံးသွားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး လွတ်လပ်သော မီဒီယာတွေနဲ့ TNLA တို့ က သတင်းထုတ်ပြန်ထားပါတယ်။

တအာင်းတပ်မတော် PSLF/TNLA ရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီတပ်က ဗုံးကြဲသွားတာ ကြောင့် မန်လီဘုန်းကြီးကျောင်းဆောင် တခုလုံးပျက်စီးသွားခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေပါဝင်နေ ပြီး အဲဒီရုပ်သံဖိုင်တွေကို စစ်တပ်လော်ဘီတွေက ပြန်လည်ကူးယူကာ လိုသလို သတင်းမှားဖြန့် ချီနေတာဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်တွေ့ရှိထားရပါတယ်။ 

ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်ကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ရာ အသက်ငယ်ရွယ်သည့် ကျောင်းဆရာမတစ်ဦး သေဆုံးသည်ဟု ယနေ့ (ဒီဇင်ဘာ ၂၉) ည ၈ နာရီတွင် တအာင်းတပ်မတော် PSLF/TNLA က သတင်းထုတ်ပြန်သည်။

မြန်မာနောင်းသတင်းဌာနကလည်း နမ္မတူမြို့နယ်ကို စစ်ကောင်စီလေတပ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ငယ်ရွယ်တဲ့ ကျောင်းဆရာမတစ်ဦးသေဆုံးထားတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး TNLA ကို ကိုးကားပြီး သတင်းဖော်ပြထားပါတယ်။ 

တအာင်းတပ်မတော် PSLF/TNLAအဖွဲ့က သတင်းထုတ်ပြန်ထားတဲ့ တယ်လီဂရမ်အကောင့်

https://t.me/taangtv2023/1194
https://t.me/taangtv2023/1203

မြန်မာနောင်းသတင်းဌာန ဖော်ပြထားတဲ့ သတင်း 

https://web.facebook.com/myanmarnownews/posts/pfbid02iUkz1VUDRmwZgPJMQuZZuriStCbb9JxkkCjoXyzXHfrtMUKFyAModoSwXrFdDrHrl

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.