January 27, 2024

တူရကီနဲ့ဂရိနိုင်ငံကို အမေရိကန်ရဲ့ F-16 တိုက်လေယာဉ်တွေ ရောင်းချမယ်

ဝါရှင်တန်၊ဇန်နဝါရီ ၂၈ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တူရကီနိုင်ငံကို ဒေါ်လာ ၂၃ ဘီလျံတန်ဖိုးရှိတဲ့ F-16 တိုက် လေယာဉ်တွေ ရောင်းချဖို့ သဘောတူလိုက်တယ်လို့ ဇန်နဝါရီ ၂၆ ရက်နေ့က လွှတ်တော်ကို အသိပေးလိုက်ပါတယ်။ လော့ခ်ဟီးမာတင် ကုမ္ပဏီထုတ် F-16 တိုက်လေယာဉ်အစီး ၄၀ နဲ့ ခေတ်မှီဆန်းသစ်ရေး ကိရိယာ ၈၀ ကို တူရကီထံ ရောင်းချဖို့ သဘောတူလိုက်တာပါ။…

အစ္စရေးအပေါ် ICJ ဆုံးဖြတ်ချက် တောင်အာဖရိ ထောက်ခံ

သည်ဟိတ်၊ ဇန်နဝါရီ ၂၈ အစ္စရေးအနေနဲ့ ဂါဇာမှာ ပါလက်စတိုင်းအရပ်သားတွေနောက်ထပ် သေဆုံးမှု မရှိစေရေးနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုလုပ်ရပ်တွေ ကာကွယ်ရေးဆောင်ရွက်ရမယ်လို့ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး ICJ ရဲ့ ဆုံးဖြတ်ချက်ကို တောင်အာဖရိက နိုင်ငံကထောက်ခံကြိုဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီ ၂၆ ရက်နေ့မှက အဲဒီဆုံးဖြတ်ချက်ချမှတ်ခဲ့တာဖြစ်ပြီး အစ္စရေးအနေနဲ့ ဂါဇာမှာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သလား၊မကျူးလွန်ခဲ့ဘူးလားဆိုတာကိုတော့ တရားရုံးက ဆုံးဖြတ်ခဲ့တာမရှိသလို အပစ်အခတ်ရပ်စဲရေး တိုက်တွန်းတာလည်းမရှိခဲ့ပါဘူး။…

ပေါင်မြို့နယ် မုတ္တမမှာ ချဲရောင်းသူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရလို့ သေဆုံး

ပေါင်၊ ဇန်နဝါရီ ၂၇ မွန်ပြည်နယ်၊ ပေါင်မြို့နယ် မုတ္တမကျေးရွာအုပ်စု ဇင်းဘာရပ်ကွက်မှာ ချဲရောင်းသူအမျိုးသားတစ်ဦးကို စစ်ကောင်စီရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးစဉ် ထွက်ပြေးလို့ဆိုပြီး ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အတွက် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ မနေ့ ဇန်နဝါရီ ၂၆ ရက်နေ့ နေ့လည် ၁၁ နာရီခွဲအချိန်ခန့်မှာ မုတ္တမနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ လက်နက် အပြည့်အစုံနဲ့ ဇင်းဘာရပ်ကွက်နေ ချဲရောင်းသူ အသက် ၃၇…

KNU နယ်မြေက စစ်ကောင်စီတပ်စခန်း ၃ ခု ထပ်မံစွန့်ခွာထွက်ပြေး

တောင်ငူ၊ ဇန်နဝါရီ ၂၇ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၂) တောင်ငူခရိုင်အုပ်ချုပ်နယ်မြေမှာ နှစ်ပေါင်း ၃၀ နီးပါးကြာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၃ ခု ထပ်မံစွန့်ခွာထွက်ပြေးသွားတယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ KNU တောင်ငူခရိုင်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ် စကခ ၂၀ လက်အောက်ခံ ခမရ-၅၂၈နဲ့ ခမရ ၅၉၃ တပ်တို့ရဲ့…

အပစ်ရပ် PNLO စစ်ကောင်စီကို ပြန်တိုက်ပြီလို့ ကြေညာ

မော်လမြိုင်၊ ဇန်နဝါရီ ၂၇ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ရေး ဘဝတူညီအစ်ကိုတွေနဲ့ လက်တွဲပြီး စစ်အာဏာရှင်ချုပ်ငြိမ်းရေး တိုက်ပွဲဆင်နွှဲသွားမယ်လို့ အပစ်ရပ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA က ဇန်နဝါရီ ၂၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့က ရှမ်းပြည်နယ် ဟိုပုံးမြို့နယ် စံဖူးကျေးရွာမှာ PNLO ရဲ့ ယာဉ်တန်းကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO…

မီးပတ်ရှို့နေတဲ့ စစ်တပ်က သူတို့ရဲ့လုပ်ရပ်ကို PDF တွေပေါ်အပြစ်ပုံချ 

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်း/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ မတ္တရာမြို့နယ် မှော်နီကုန်းကျေးရွာကို PDF တွေမီးရှို့တယ်ဆိုပြီး စစ်တပ်လက်အောက်ခံ MRTV နဲ့ MOI တို့က သတင်းမှားဖြန့်ဝေနေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ MRTV၊MWD၊မြန်မာ့အလင်းသတင်းစာ၊ကြေးမုံ သတင်းစာနဲ့ MOI…

စစ်အာဏာသိမ်း (၁၀၉၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၄၄၄) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၂၇ AAPP ရဲ့ ဇန်နဝါရီ (၂၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၉၀) ရက်အတွင်း ပြည်သူ (၄၄၄၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၉၀၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၉၃၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

BGF ခွဲထွက်မှု မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်ရှိ မြို့ကြီးတချို့ စစ်ကောင်စီ လက်လွှတ်ရနိုင်

မြဝတီ၊ ဇန်နဝါရီ ၂၇ ဆယ်စုနှစ်တစ်ခုကျော် စစ်တပ်နဲ့ လက်တွဲလာခဲ့တဲ့ ကရင်နယ်ခြားစောင့်တပ် BGF က စစ်ကောင်စီနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာကြောင့် မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်ရှိ မြို့ကြီးတချို့ကို စစ်ကောင်စီ လက်လွှတ်ရနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ ကရင်နယ်ခြားစောင့်တပ် BGF ဟာ ပြီးခဲ့တဲ့လကစပြီး စစ်ကောင်စီကနေ လစာရိက္ခာမယူ‌တော့ဘဲ စစ်တပ်လောင်းရိပ်အောက်ကနေ ခွဲထွက်ပြီး သီးခြားရပ်တည်တော့မယ်ဆိုပြီး စစ်ရေးမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ကို…

ဘီးလင်းက ဌာနဆိုင်ရာရုံးတွေမှာ ဗုံးခိုကျင်းတွေ အမြန်တူးကြဖို့ စစ်ကောင်စီညွှန်ကြား

ဘီးလင်း၊ ဇန်နဝါရီ ၂၇ မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးတွေမှာ ဗုံးခိုကျင်းတွေ တူးထားကြဖို့ စစ်ကောင်စီရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ ညွှန်ကြားလာတယ်လို့ ဝန်ထမ်းအသိုင်း အဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။ ဇန်နဝါရီ ၁၉ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားလာတဲ့စာအရ ဌာနဆိုင်ရာရုံးဝင်းတွေအတွင်းမှာ ဗုံးခိုကျင်းတွေ အမြန်တူးထားကြဖို့နဲ့ပြုလုပ်ပြီးစီးမှုတွေကို အချိန်နဲ့တပြေးညီ ပြန်လည်တင်ပြကြဖို့ ပါရှိပါတယ်။ ညွှန်ကြားစာထုတ်ပြန်ပြီးနောက် မြို့နယ်ထွေအုပ်ရုံးဝင်းအနောက်ဘက်မှာ စစ်တပ်၊ ရဲနဲ့ထွေအုပ်ဝန်ထမ်းတွေက ဗုံးခိုကျင်းတွေ…

ချောင်းနှစ်ခွရဲစခန်းပတ်ဝန်းကျင်က နေအိမ်တွေကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေ

ကျိုက်မရော၊ ဇန်နဝါရီ ၂၇ မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ၊ ချောင်းနှစ်ခွနယ်မြေရဲစခန်းပတ်ဝန်းကျင်က ပြည်သူပိုင်နေအိမ်တွေကို စစ်ကောင်စီတပ်ကနေ ဝင်ရောက်မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ချောင်းနှစ်ခွဒေသမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ တတိယအပတ်ကစပြီး ရဲစခန်းပတ်ဝန်းကျင်ရှိ နေအိမ်တွေက တန်ဖိုးရှိပစ္စည်းတွေကို ဝင်ရောက်ဖောက်ထွင်ပြီးနောက် မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတာပါ။ ဒေသခံတွေရဲ့ ပြောပြချက်အရ မီးရှို့ဖျက်ဆီးခံရတာကြောင့် နေအိမ် ၃၀ ထက်မနည်း…