မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်း/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ 

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

MNDAA ကိုးကန့်တပ် ဝတ်စုံဝတ်ဆင်ထားသူက ဘုရားစေတီတဆူကို ထုနှက်ဖျက်ဆီးနေတဲ့ ရုပ်သံနဲ့ ဓာတ်ပုံတွေ အသုံးပြုပြီး ဘာသာရေးပဋိပက္ခဖန်တီးဖို့ ကြိုးပမ်းနေတဲ့အကြောင်းအရာ ကို ဒီနေ့မှာ စိစစ်ပေးသွားမှာပါ။

ဒီအကြောင်းအရာကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဝါဒဖြန့် သတင်းမီဒီယာတွေဖြစ်တဲ့ မြန်မာ့ အလင်းသတင်းစာ၊MOI၊MWDနဲ့ ဟန်ငြိမ်းဦးအကောင့်တွေက စတင်ဖြန့်ချီနေတာဖြစ်ပါတယ်။

ဖြစ်စဉ်မှာ MNDAA ကိုးကန့်အဖွဲ့ရဲ့ ယူနီဖောင်းဝတ်ဆင်ထားတဲ့ လူငယ်တစ်ဦးက သံတူနဲ့ ဘုရား စေတီတဆူကို ထုရိုက်ခဲ့တာဟာ MNDAA ရဲ့ အမိန့်ပေးစေခိုင်းထားတာမဟုတ်ဘဲ ပုဂ္ဂိုလ်ရေး အရ လုပ်ဆောင်တာဖြစ်ပြီး MNDAA ဟာ လွတ်လပ်သောဘာသာရေးကိုးကွယ်မှုကို လေးစား လိုက်နာပြီး ဘာသာရေးအဆောက်အအုံတွေကို ဖျက်ဆီးဖို့ အမိန့်ပေးထားတာမရှိဘူးလို့ အသိ ပေးထား စိစစ်တွေ့ရှိထားရပါတယ်။

လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေနေတဲ့ ရုပ်သံနဲ့ပတ်သက်ပြီးMNDAA အဖွဲ့အနေနဲ့ လက်အောက်ငယ် သားရဲ့ တပ်စည်းမျဉ်းစည်းကမ်း ညံ့ဖျင်းမှုနဲ့ အရည်အချင်းမရှိသော လုပ်ဆောင်မှုအတွက် အပြစ်ပေးအရေးယူမယ်လို့ အသိပေးထားသလို ပြည်သူလူထုကိုလည်း တောင်းပန်တဲ့ ထုတ်ပြန် ချက် ထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီတပ်ရဲ့ ရည်ရွယ်ချက်ရှိရှိ ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပေါ်စေဖို့ ကြိုးပမ်းအားထုတ်မှုတွေကို တားမြစ်ဖို့အတွက် MNDAA ရဲ့စစ်ရေးကော်မတီက ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့တာလို့ ဖော်ပြထားပါတယ်။ 

The Kokang အဖွဲ့ရဲ့ ထုတ်ပြန်ချက်

https://mobile.facebook.com/story.php?story_fbid=pfbid02GkpyLG8DTjiDnpFCdnz7pLfvwgUt2e6jjQNGKzcYsp6bv2X8QfSXoSpZibmehE3Rl&id=100063897592008&mibextid=Nif5oz&_rdc=1&_rdr

BBC သတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://web.facebook.com/BBCnewsBurmese/posts/pfbid02E4YkYF6ixsTZnyZoTF9QNyzK8gMPxquHVwuV78mt8HViKTZb4z3zv1BecBNNjjy4l?_rdc=1&_rdr

Myanmar now သတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid02e1Nd6ohkt6z9qYmJWYAa3LLUssN6BaTmwqA9FKAHUp1M4NtJLvgrpcyY3BxEuEeSl&id=100064582638283&mibextid=Nif5oz&_rdc=1&_rdr

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ ဖြစ်စဉ်နဲ့ ကိုက်ညီမှု မရှိဘဲ ဘာသာရေးနဲ့ လူမျိုးရေးပဋိပက္ခဖန်တီးဖို့ကြိုးပမ်းအားထုတ်မှုတွေသာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.