ပလက်ဝ၊ ဇန်နဝါရီ ၃

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီရဲ့ ချင်းလက်ဝစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ချင်းလက်ဝစခန်းကုန်းအား ဇန်နဝါရီ ၃ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူ့အလောင်းတွေ၊ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.