January 2, 2024

ဂျပန်မှာ အင်အားပြင်းငလျင်ကြောင့် လူဦးရေ တစ်သိန်း ရွှေ့ပြောင်း၊ သေဆုံးသူ ၁၃ ဦး တွေ့ရှိထား

တိုကျို ၊ ဇန်နဝါရီ ၃ ဂျပန်နိုင်ငံ အလယ်ပိုင်းမှာ နှစ်သစ်ကူးနေ့က အင်အားပြင်းတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံတစ်သိန်းကို ဘေးလွတ်ရာရွှေ့ပြောင်းပေးထားပြီး သေဆုံးသူ ၁၃ ဦး တွေ့ရှိထားတယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ရက်နေ့က ရစ်ချ်တာစကေး ၇ ဒသမ ၆ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့သလို လူနေအိမ် သောင်းနဲ့ချီပြီး…

ဘင်္ဂလားဒေ့ရှ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ထောင်ချခံရ

ဒါကာ၊ ဇန်နဝါရီ ၃ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာရဲ့ နိုင်ငံရေးပြိုင်ဘက်အဖြတ် သတ်မှတ်ခံထားရတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ယွန်နာ့စ်ကို အလုပ်သမား ဥပဒေချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့က ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး ဒီလုပ်ရပ်ဟာ နိုင်ငံရေးအရ စေ့ဆော်မှုတွေပါဝင်နိုင်တယ်လို့ ယွန်နာ့စ်ရဲ့ ထောက်ခံသူတွေက ဆိုထားပါတယ်။ အသက် ၈၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ယွန်နာ့စ်ဟာ…

TNLA က ကလေးစစ်သားတွေအသုံးပြုနေတယ်လို့ တပ်လော်ဘီတွေ ဝါဒဖြန့်

မင်္ဂလာပါရှင် သံလွင်တိုင်းမ်သတင်းဌာနရဲ့ အမှား/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စီစစ်ပေးသွားမှာပါ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုက ကလေးသူငယ်တွေကို စစ်သားအဖြစ် အဓမ္မ စုဆောင်းနေတယ်လို့ စစ်တပ်လော်ဘီတွေက ဖြန့်ဝေနေတဲ့ ဓာတ်ပုံတွေကို ဒီနေ့မှာ စိစစ် ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းအရာကို စစ်တပ်ဝါဒဖြန့်မီဒီယာတွေဖြစ်တဲ့ ရန်ကြီးအောင်(အောင်စစ်သည်)၊နန်းငယ် တယ်လီဂရမ်ချန်နယ်၊ဟန်ငြိမ်းဦးနဲ့ MWD…

နည်းပြချုပ် ဝိန်းရွန်းနီ ရာထူးက ထုတ်ပယ်ခံရ

မော်လမြိုင်၊ ဇန်နဝါရီ ၂ အင်္ဂလန်ချန်ပီယံရှစ်ကလပ်အသင်း ဘာမင်ဂမ်စီးတီးအသင်းဟာ အသင်းရဲ့ နည်းပြချုပ် ဝိန်းရွန်းနီကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ အတည်ပြုကြေညာလိုက်ပါတယ်။ အသက် ၃၈ နှစ်အရွယ် မန်ယူအသင်းနဲ့အင်္ဂလန်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီကို ဘာမင်ဂမ်အသင်းက ပြီးခဲ့တဲ့ အောက်တိုဘာလမှာ နည်းပြချုပ်အဖြစ် ခန့်အပ်ပြီး နှစ်လအကြာမှာပဲ ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။ ဝိန်းရွန်းနီဟာ အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ဘာမင်ဂမ်အသင်းကို…

ဂန့်ဂေါရဲစခန်းအချုပ်မှာ ဖမ်းခံထားရသူတွေကို ရဲတွေက အရက်မူးတိုင်ရိုက်နှက်နေ

ဂန့်ဂေါ – ဇန်နဝါရီ ၂ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်ရဲစခန်းအချုပ်ထောင်မှာ ဖမ်းဆီးခံထားရတဲ့သူတွေကို စခန်းမှူးဆိုသူ အရက်မူးလာချိန်တိုင်း ရိုက်နှက်နေတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီအချုပ်ခန်းမှာ နိုင်ငံရေးအကျဉ်းသား ၆၀ ကျော်ကိုဖမ်းဆီးထားပြီး စခန်းမှူးဖြစ်သူ ဒုရဲမှူး လှဝင်းဇော်က အရက်မူးလာချိန်တိုင်း အချုပ်ခန်းထဲကသူတွေကို အပြင်ထုတ်ပြီးရိုက်နှက်နေ တာပါ။ “စုစုပေါင်း အချုပ်သား ရှစ်ဆယ်ကျော်မှာ ခြောက်ဆယ်လောက်က နိုင်ကျဉ်းတွေဖြစ်ပါတယ်။ မူးလာတဲ့အချိန်မထင်ရင်မထင်သလို…

ဂျပန်မှာ ခရီးသည်တင်လေယာဉ်တစ်စီး တိုက်မိမီးလောင်မှု ဖြစ်ပွား

တိုကျို၊ ဇန်နဝါရီ ၂ ဂျပန်နိုင်ငံ တိုကျိုမြို့ ဟာနီဒါလေဆိပ်မှာ ခရီးသည်ရာနဲ့ချီ တင်ဆောင်လာတဲ့ ဂျပန်လေကြောင်းလိုင်း JAL လေယာဉ် တစ်စီးဟာ ငလျင်ဘေး ကူညီပေးနေတဲ့ ကမ်းခြေစောင့်တပ်လေယာဉ်နဲ့ တိုက်မိပြီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ JAL လေကြောင်းလိုင်း ခရီးစဉ် အမှတ် ၅၁၆ လေယာဉ်ဟာ ဂျပန်မြောက်ပိုင်း ဆာပိုရိုမြို့ကနေ ဒေသစံတော်ချိန် ညနေ ၅…

တနင်္သာရီမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်မှာ ဂိတ်ချထားတဲ့ စစ်ကောင်စီတပ် အလစ်ငိုက်တိုက်ခိုက်ခံရ

တနင်္သာရီ၊ ဇန်နဝါရီ ၂ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ဗိုလ်ချုပ်ကြေးရုပ်အတွင်း ဂိတ်ချထားတဲ့ စစ်ကောင်စီတပ်သားတွေ အလစ်ငိုက်တိုက်ခိုက်ခံရပြီး ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မနေ့ ဇန်နဝါရီ ၁ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ ဗိုလ်ချုပ်ကြေးရုပ်အတွင်း ဂိတ်ချထားတဲ့ စရဖနဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောက်ကျားစနစ်နဲ့ အလစ်ငိုက်ဝင်ရောက်…

မိုးဗြဲတမြို့လုံးနီးပါးကို ထိန်းချုပ်ထားနိုင်ပြီလို့ ကရင်နီတပ်ပေါင်းစုပြော 

မိုးဗြဲ – ဇန်နဝါရီ ၂ ကရင်နီပြည်နယ်၊မိုးမြဲမြို့နယ် စက်တော်ရာကုန်းမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ ခမရ ၅၁၈ နဲ့ စစ်ကောင်စီတပ်စခန်း ၉ ခုကို ကရင်နီတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုက သိမ်းပိုက်ထားနိုင် တာကြောင့် မြို့ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားနိုင်ပြီလို့ ပြောပါတယ်။ ၁၁၁၁ စစ်ဆင်ရေးပြီးနောက် ဝါရီဆူပလိုင်မှာ အခြေချထားတဲ့ စစ်ကောင်စီတပ်သားတချို့ဟာ မဟာမိတ်တပ်ပေါင်းစုထံ လက်နက်ချအလင်းဝင်ရောက်ထားသလို…

TNLA က ကလေးစစ်သားတွေအသုံးပြုနေတယ်လို့ တပ်လော်ဘီတွေ ဝါဒဖြန့်

မင်္ဂလာပါရှင် သံလွင်တိုင်းမ်သတင်းဌာနရဲ့ အမှား/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စီစစ်ပေးသွားမှာပါ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုက ကလေးသူငယ်တွေကို စစ်သားအဖြစ် အဓမ္မ စုဆောင်းနေတယ်လို့ စစ်တပ်လော်ဘီတွေက ဖြန့်ဝေနေတဲ့ ဓာတ်ပုံတွေကို ဒီနေ့မှာ စိစစ် ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းအရာကို စစ်တပ်ဝါဒဖြန့်မီဒီယာတွေဖြစ်တဲ့ ရန်ကြီးအောင်(အောင်စစ်သည်)၊နန်းငယ် တယ်လီဂရမ်ချန်နယ်၊ဟန်ငြိမ်းဦးနဲ့ MWD…

ကောလင်းမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

ကောလင်း၊ ဇန်နဝါရီ ၂ စစ်ကိုင်းတိုင်း၊ ကောလင်မြို့ကို ဒီနေ့ ဇန်နဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Kawlin Revolution-KR ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီနေ့ မနက် ၇ နာရီခွဲအချိန်ခန့်မှစပြီး တော်လှန်‌ရေး အင်အားစုတွေ သိမ်းယူထားတဲ့…