2023

ရွှေပြည်အေး၊လွယ်ပတာ စခန်းကုန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

ဖယ်ခုံ – ဒီဇင်ဘာ ၃၀ ကရင်နီပြည်နယ်၊ဖယ်ခုံမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ရွှေပြည်အေးနဲ့ လွယ်ပတာ စခန်းကုန်း တွေကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃၊၂၄၊၂၅ ရက်နေ့တွေမှာ တော်လှန်ရေးအင်အားစုတွေရဲ့ ပူးပေါင်းစစ်ဆင် မှုနဲ့ သိမ်းပိုက်ရရှိခဲ့တာပါ။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဖယ်ခုံမြို့ အဝင်နဲ့အထွက်နေရာတွေကို ထိန်းချုပ်ထားပြီး မိုးဗြဲ-ဖယ်ခုံ ၁၁၁၁…

အကျဉ်းထောင်ထဲမှာဥပဒေမဲ့ သတ်ဖြတ်ခံရတဲ့နိုင်ငံရေးအကျဉ်းသား ၁၈ ဦး အထိရှိလာ

မော်လမြိုင် – ဒီဇင်ဘာ ၃၀ စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်းမှာ ထောင်တွင်း ဥပဒေမဲ့ သတ်ဖြတ်ခံ ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၈ ဦးအထိရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်ရဲ့ နှစ်ကုန်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ဟာ အာဏာသိမ်းချိန်ကစပြီး မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား တွေကို ဥပဒေမဲ့ သတ်ဖြတ်တာ၊ဆေးဝါးကုသခွင့်မပေးတာနဲ့ ညှဉ်းပန်းနှိပ်စက်တာတွေပြုလုပ်နေ တယ်လို့ ဆိုထားတာပါ။…

လမိုင်းမြို့ပစ်ခတ်မှုအတွင်း ကလေးငယ်တစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာရ

ရေး – ဒီဇင်ဘာ ၃၀ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့လယ်ခေါင်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု အတွင်း အသက် ၃ နှစ်ခွဲအရွယ် မိန်ကလေးငယ်တစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လမိုင်းအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၁၀၆) ခြေမြန်တပ်ရင်းကနေ ကင်းလှည့်ဖို့ ထွက်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၅ ဦးပါ…

မလေးရှားက မြန်မာတွေအဖမ်းခံရတာ NUG သတင်းပေးလို့ဟု သတင်းအမှားဖြန့်

အမှန် / အမှား မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေးနဲ့ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတုသတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ “မလေးရှားမှာ တရားမဝင်လုပ်သားတွေ ဖမ်းဆီးခံရတာကို NUG က သတင်းပေးလို့ အဖမ်းခံရတာ” ဆိုပြီး စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ သတင်းကို စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း…

လောင်းလုံးမြို့နယ် စပ်ပြဲနဲ့လေးသွန်းခံရွာကို စစ်ကောင်စီတပ်မီးရှို့

လောင်းလုံး၊ ဒီဇင်ဘာ ၃၀ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ စပ်ပြဲနဲ့လေးသွန်းခံရွာကို မီးရှို့ဖျက်ဆီးထားတာကြောင့် ကနဦးမှာနေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ ကညုံကျွန်းကျေးရွာကနေ စပ်ပြဲနဲ့လေးသွန်းခံကျေးရွာအတွင်း ဝင်ရောက်လာပြီးနောက် ဒေ…

စစ်အာဏာသိမ်း (၁၀၆၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၂၇၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ(၃၀) AAPP ရဲ့ ဒီဇင်ဘာ(၂၉)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၆၂) ရက်အတွင်း ပြည်သူ (၄၂၇၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၆၅၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၉၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

ကော့ကရိတ်မှာ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

ကော့ကရိတ်၊ ဒီဇင်ဘာ ၃၀ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တောင်ကြာအင်းကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရဟန်းသံဃာ ၂ ပါးနဲ့ ကလေးတွေအပါအဝင် အရပ်သားပြည်သူ ၅ ဦးထက်မနည်း ထိခိုက်မှုရှိခဲ့ပြီး နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေကနေ သိရှိရပါတယ်။ KNU တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်-တောင်ကြာအင်း-ကြာအင်းဆိပ်ကြီး ကားလမ်းမပေါ်ရှိ စစ်ကောင်စီတပ်စွဲနေထိုင်တဲ့ တောင်ကြာအင်းအထက်တန်းကျောင်းနဲ့ ရဲစခန်းတွေကို KNLA…

မြန်မာ့စီးပွားရေး ၂၀၂၅ အထိ နာလန်ထူနိုင်ဦးမည်မဟုတ်

မော်လမြိုင်၊ ဒီဇင်ဘာ ၃၀ အာဏာသိမ်းကာလအတွင်း မြန်မာ့စီးပွားရေးအခြေအနေဟာ တိုးတက်မှုနှုန်း အားတက်စရာမရှိဘဲ ကျဆင်းနေဦးမှာဖြစ်ပြီး လာမယ့် ၂၀၂၅ ခုနှစ်အထိ မရေရာမသေချာသေးဘူးလို့ ကမ္ဘာ့ဘဏ်အစီ ရင်ခံစာကို အခြေခံကာ သုတေသနအဖွဲ့ ISP Myanmar က ထုတ်ပြန်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်အရ လာမယ့် ၂၀၂၄ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးအခြေအနေ ကောင်းဦးမှာ မဟုတ်သေးသလို ၂၀၂၅ ခုနှစ်မှာလည်း…

လာရောက်ပူးပေါင်းခဲ့တဲ့ Lion Battalion စစ်ကြောင်းကို တိုက်ပွဲတာဝန်ပေးအပ်မယ်လို့ KNLA ပြော

ကော့ကရိတ်၊ ဒီဇင်ဘာ ၃၀ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ ထံကို တရားဝင်လာရောက်လာပူးပေါင်းခဲ့တဲ့ ဗိုလ်အယ်စေးဝါးရဲ့ Lion Battalion Commando စစ်ကြောင်းကို စည်းမျဉ်းစည်း ကမ်းချက်တွေနဲ့အညီ လမ်းညွှန်ကြီးကြပ်ပြီး စစ်အာဏာရှင်စနစ်ကျဆုံးရေး တိုက်ပွဲဝင်နိုင်ဖို့ တာဝန်တွေပေးအပ်သွားမယ်လို့ တပ်မဟာ ၆ ဌာနချုပ်က ဒီဇင်ဘာ ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။ ဗိုလ်အယ်စေးဝါးဦးဆောင်တဲ့ Lion…