ပြည်တွင်းစက်သုံးဆီဈေးနှုန်း တရှိန်ထိုးခုန်တက်
မော်လမြိုင်၊ ဒီဇင်ဘာ၂ ပြည်တွင်း စက်သုံးဆီဈေးနှုန်းဟာ ဒီဇင်ဘာလအစမှာပဲ တရှိန်ထိုးခုန်တက်လာခဲ့ပြီး အရင်ဈေးနှုန်းထက် တစ်လီတာကို ကျပ် ၃၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုဝင်ဘာလအတွင်း တစ်လီတာကို ကျပ် ၂၃၅၀ ဝန်းကျင်သာရှိတဲ့ 95 ဓာတ်ဆီဟာ ကျပ် ၂၇၀၀ နီးပါးအထိ ဈေးနှုန်းမြင့်တက်လာသလို 92 ဓာတ်ဆီကလည်း ကျပ်…