မွန်ပြည်နယ် ကျိုက်မရောမှာ တိုက်ပွဲပြင်းထန်၊ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိနေ
ကျိုက်မရော၊ ဒီဇင်ဘာ ၃၀ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွဒေသမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်ရဲ့ မြေပြင်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ အဲဒီတိုက်ပွဲဟာ တော်လှန်ရေးအင်အားစုတွေ ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ ချောင်းနှစ်ခွရဲစခန်းထံ စစ်ကောင်စီတပ်က စစ်ကူပေးဖို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာကြောင့် ဒီဇင်ဘာ ၂၈ ရက်နေ့ ၂၉ ရက်နေ့ မနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။…