တိုကျို၊ ဒီဇင်ဘာ ၂၈

ဂျပန်နိုင်ငံရဲ့ နျူကလီးယားဓာတ်အားထိန်းညှိရေးဌာနက တိုကျိုလျှပ်စစ်စွမ်းအင်ကုမ္ပဏီရဲ့ ကာရှီဝါဆာကီ ကာရီဝါလို့ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံး ဓာတ်အားပေးစက်ရုံအပေါ် ချမှတ်ထားတဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ တားမြစ်ချက်ကို ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ရုတ်သိမ်းပေးလိုက်ပါတယ်။

တိုကျို ဓါတ်အားပေးစက်ရုံ Tepco ဟာ လုပ်ငန်း လည်ပတ်မှုကုန်ကျစရိတ်ကို လျှော့ချဖို့အတွက် ကမ္ဘာ့အ ကြီးဆုံး အဏုမြူဓာတ်အားပေးစက်ရုံကို ပြန်လည်ဖော်ဆောင်ဖို့ စိတ်အားထက်သန်နေပါတယ်။

ဖူကူရှီးမား သဘာဝဘေးအန္တရာယ်ကြောင့် အဲဒီအချိန်က ဂျပန်နိုင်ငံရှိ နျူကလီးယားဓာတ်အားပေးစက်ရုံတွေ အားလုံးကို ပိတ်ပစ်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်ဝန်းကျင်ကတည်းက အဲဒီစက်ရုံဟာလည်း ရပ်နားနေခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ နျူကလီးယားဓာတ်အားထိန်းညှိရေးဌာန (NRA) မှ Tepco ရဲ့ တစ်ခုတည်းသော လည်ပတ်နိုင်တဲ့ အဲဒီအဏုမြူဓာတ်အားပေးစက်ရုံကိုလည်း လည်ပတ်ခွင့်မပြုခဲ့ဘဲ နျူကလီယားနဲ့ ဆက်စပ်တဲ့ပစ္စည်းတွေကို ထိန်းသိမ်းဖို့ ပျက်ကွက်ခြင်းနဲ့ အမှားအယွင်းတွေ ကျူးလွန်ခြင်းအပါအဝင် လုံခြုံရေးချိုးဖောက်မှုတွေကြောင့် တားမြစ်ခဲ့တာဖြစ်ပါတယ်။  

NRA က Tepco စက်ရုံသို့ ယူရေနီယံလောင်စာအသစ်တွေတင်ပို့တာ ဒါမှမဟုတ် သူ့ရဲ့ဓာတ်ပေါင်းဖိုတွေအတွင်း လောင်စာချောင်းတွေ တင်ပို့မှုကို တားဆီးတဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုအမိန့်ကိုချမှတ်ခဲ့တာပါ။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ စက်ရုံရဲ့ ဘေးကင်းရေးဆိုင်ရာစီမံခန့်ခွဲမှုစနစ်တွေ တိုးတက်လာခဲ့ပြီးတဲ့နောက်မှာတော့ အဲဒီအမိန့်ကို ရုတ်သိမ်းပေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် Tepco ရှိ ရှယ်ယာတွေဟာလည်း NRA မှ ကုမ္ပဏီဥက္ကဋ္ဌနဲ့တွေ့ဆုံပြီး လုပ်ငန်းလည်ပတ်မှု ပိတ်ပင်ချက်အပေါ် ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ခဲ့ပြီးတဲ့နောက် ဒီလိုရုတ်သိမ်းပေးလိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.