မော်လမြိုင် – ဒီဇင်ဘာ ၁

အမျိုးသားညီညွတ်ရေးအစိုးရ မဟာမိတ်ဆက်ဆံရေးကော်မတီနဲ့ Kachin Political Interim Coordination Team ကချင်နိုင်ငံရေးဆွေးနွေးပွဲ ယာယီညှိနှိုင်းရေးအဖွဲ့ (KPICT) တို့ဟာ တော်လှန်ရေးကာလ စစ်ရေး၊နိုင်ငံရေး ပိုမိုအားကောင်းရေး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းမှာ တွေ့ဆုံပွဲကျင်းပခဲ့တာဖြစ်တယ်လို့ NUG က သတင်း ထုတ်ပြန်ထားပါတယ်။

ဆွေးနွေးပွဲမှာ တော်လှန်ရေးကာလ စစ်ရေး၊နိုင်ငံရေး၊နိုင်ငံခြားရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်း အရပ်ရပ်ကို ဆွေးနွေးသုံးသပ်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။

ဒါ့အပြင် လက်ရှိပူးပေါင်းဆောင်ရွက်နေတဲ့ ကဏ္ဍရပ်တွေ ပိုမိုအားကောင်းရေး တော်လှန်ရေး အောင်မြင်ရေးအတွက် လက်တွဲဆောင်ရွက်မယ့် ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြတယ် လို့သိရပါတယ်။

ဒီတွေ့ဆုံမှုမှာ ဗိုလ်ချုပ်ကြီး ဂွမ်မော်၊KPICT ဥက္ကဋ္ဌ ဆရာကြီး တူးရှန် ဦးဆောင်တဲ့ အဖွဲ့တွေ လည်းတက်ရောက်ခဲ့ကြပြီး NUG ဘက်က မဟာမိတ်ဆက်ဆံရေးကော်မတီအဖွဲ့ဝင်တွေ အပြင် ဝန်ကြီးတွေ၊ဒုတိယဝန်ကြီးတွေ၊အကြံပေးတွေနဲ့ အတွင်းရေးမှူးတွေပါဝင်တက်ရောက်ခဲ့ကြတယ် လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.