ရန်ကုန်၊ ဒီဇင်ဘာ ၁

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့မှာ နေထိုင်တဲ့ အမျိုးသား ဒီမိုကရေစီပါတီသစ် (NNDP) ဥက္ကဠ ဦးသန်းထွန်းကို ဒီနေ့ မနက်ပိုင်းမှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ငမိုး ရိပ် Mission Networkက ထုတ်ပြန်ထားပါတယ်။

ဦးသန်းထွန်းဟာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မကျင်းပမှီကတည်းက အခြားသော ပါတီ ၃၄ ခုနဲ့အတူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲမတရားပါက အာဏာသိမ်းရန် တောင်းဆိုခဲ့တဲ့ ပါတီတွေထဲမှာ ပါ၀င်ခဲ့ပါတယ်။

စစ်တပ် အာဏာသိမ်းမှုကို ပေါ်ပေါ်ထင်ထင် ကြေငြာချက်ထုတ် ထောက်ခံတဲ့ NNDP ပါတီရဲ့ ဦးဆောင်သူဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်က အာဏာ သိမ်းပိုင်ခွင့် မရှိဘူးလို့ ပြဌာန်းထား‌ပေမယ့် စစ်တပ်အာဏာ သိမ်းခဲ့ရင်လည်း ထောက်ခံမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင် ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ ဖမ်းဆီးရမိခဲ့စဉ်ကလည်း ဦးသန်းထွန်းဟာ သေဒဏ်ပေးရန်နဲ့ သတ်ပစ်ရန် အကြိမ်ကြိမ် တောင်းဆိုခဲ့တဲ့အပြင် စစ်တပ်က ကြိုးမိန့်ပေးကြောင်း ထုတ်ပြန်ချိန်မှာ သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ အောင်ပွဲခံတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ မနက်ပိုင်းမှာလည်း ရန်ကုန်မြို့ ဆူးလေဘုရားရှေ့မှာ ပြုလုပ်တဲ့ အာဏာသိမ်းမှု ထောက်ခံပွဲကို ဦးဆောင်ခဲ့တဲ့အပြင် တိုင်းရင်းသား နယ်မြေတွေအပေါ် စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကိုလည်း ထောက်ခံအားပေးသူ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်အာဏာ မသိမ်ခင်က NNDP ပါတီရဲ့ ဥက္ကဠမှာ ဦးသိန်းညွှန့်ဖြစ်ပြီး အာဏာသိမ်းပြီးနောက် ဦးသိန်းညွန့်ကို စစ်ကောင်စီ အဖွဲ့၀င်အဖြစ် ခန့်အပ်ပြီးနောက် ဦးသန်းထွန်းဟာ NNDP ပါတီရဲ့ ဥက္ကဠ ဖြစ်လာခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.