ဂျာကာတာ၊ဒီဇင်ဘာ ၂
အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၂၄ ခုနှစ်မှာ ကာကွယ်ရေးအသုံးစရိတ် ၂၀ ရာခိုင်နှုန်းအထက် မြင့်တင်ဖို့ လက်ရှိသမ္မတက အတည်ပြုပေးထားတယ်လို့ ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘဏ္ဍာရေးဝန်ကြီးက သမ္မတဝီဒိုဒိုနဲ့ ကာကွယ်ရေးဝန်ကြီးတို့ ပါဝင်ခဲ့တဲ့ အစည်းအဝေးမှာ အတည်ပြုခဲ့တာလို့ ဆိုထားတာပါ။
ကာကွယ်ရေးဝန်ကြီးကတော့ အင်ဒိုနီးရှားရဲ့ နောက်လာမယ့် သမ္မတရွေးကောက်ပွဲအတွက် ရှေ့ပြေးနေတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သမ္မတ ဝီဒိုဒိုရဲ့သားလည်းဖြစ်ပါတယ်။
အင်ဒိုဘဏ္ဍာဝန်ကြီးက ကာကွယ်ရေးဘတ်ဂျက်ကို အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇၅ ဘီလျံကနေ ၂၅ ဘီလျံအထိ တိုးမြှင့်ဖို့ရှိတယ်လို့ ပြောခဲ့ပါတယ်။
“လိုအချက်တွေကို ကာကွယ်ရေးဝန်ကြီးဌာနဘက်က တင်ပြခဲ့ပါတယ်။ ပထဝီနိုင်ငံရေးတွေ၊ လုံခြုံရေးတွေဟာ တိုးမြှင့်လာသလို ခြိမ်းခြောက်မှုတွေ လည်းဖြစ်နေပြီးတော့ ကျွန်မတို့ရဲ့ စစ်ရေးယန္တရားအစိတ်အပိုင်းတွေအတွက် လိုအပ်ချက်ဖြစ်လာတယ်လို့ ယူဆထားပါတယ်” လို့ ပြောပါတယ်။
စစ်အသုံးစရိတ်ကို သိသိသာသာမြင့်တက်မယ့်အစား ၂၀၂၀ ခုနှစ်ကနေ ၂၀၃၄ ခုနှစ်အထိ ၅ နှစ်စာ သုံးကြိမ် အချိန်ပိုင်းအတွက် ကာကွယ်ရေးဘတ်ဂျက်ကို အမေရိကန်ဒေါ်လာ ၅၅ ဘီလျံ သာ ထားရှိမှာဖြစ်ပြီး ကာလလတ်၊ကာလရှည် ဘဏ္ဍာရေးအစီအမံနဲ့ တူညီအောင်ဆောင်ရွက်တာ ဖြစ်တယ်လို့ သူက ပြောပါသေးတယ်။
အင်ဒိုဘဏ္ဍာရေးဝန်ကြီးရဲ့ ပြောကြားချက်အရ စစ်သုံးယန္တရားတွေကို မြှင့်တင်မယ့် ဘဏ္ဍာငွေ အရင်းအမြစ်ဟာ နိုင်ငံရပ်ခြားမှလာတဲ့ ရန်ပုံငွေဖြစ်တယ်လို့ သိရပါတယ်။
ဝီဒိုဒိုရဲ့သားဖြစ်သူ ကာကွယ်ရေးဝန်ကြီးကတော့ အမေရိကန်ဒေါ်လာ ၈ ဒသမ ၁ ဘီလျံတန်ဖိုးရှိ Dassault Rafale တိုက်လေယာဉ် ၄၂ စင်း၊ အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံ တန်ဖိုးရှိ Turkish Aerospace မှ ဒရုန်းအသစ် ၁၂ စင်းနဲ့ Mirage 2000-5 ဂျက်တိုက်လေယာဉ် ၁၂ စင်းအပါအဝင် Mirage 2000-5 ဂျက်တိုက်လေယာဉ် ၁၂ စင်းတို့ကို ဝယ်ယူဖို့ ရှိတယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံအတွက် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၂၄ စင်းကိုလည်း အမေရိကန် လက်နက်ထုတ်လုပ်သူ လော့ခ်ဟိဒ်မာတင်ဆီက မဖော်ပြထားတဲ့ ငွေကြေးနဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ က ဝယ်ယူဖို့ သဘောတူထားတယ်လို့ သိရပါတယ်။
Ref:Reuters