Refugees, who fled a flare-up in fighting between the Myanmar army and ethnic minority rebels prepare, as they are voluntarily returning across the border to Myanmar, at a pier in Mae Sot district, Tak province, Thailand, December 19, 2021. REUTERS/Athit Perawongmetha

ဘန်ကောက်၊ ဒီဇင်ဘာ ၂

ထိုင်းနိုင်ငံအစိုးရက နယ်စပ်ဒေသတွေကိုရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်တွေအား နေရပ်ပြန်ပို့ နေတာကြောင့် အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က နိုဝင်ဘာ ၃၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလနှောင်းပိုင်းကစပြီး ထိုင်းစစ်တပ်ဟာ ထိုင်း-ကရင်နီနယ်စပ်ဒေသတွေ မှာ ခိုလှုံနေကြတဲ့ မြန်မာဒုက္ခသည်တွေကို အတင်းအကျပ် နေရပ်ပြန်ပို့နေတာပါ။

ဒါပေမယ့် တိုက်ပွဲတွေပြန်လည်ပြင်းထန်လာပြီးနောက် ပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထားခံရမှာ စိုးရိမ်တာကြောင့် ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်ဖို့ကြိုးပမ်းမှုတွေ ရှိနေပါတယ်။

“ထိုင်းအာဏာပိုင်တွေအနေနဲ့ မကြာသေးမီက မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့တာ ရပ်ပြီး ထိုင်းနိုင်ငံမှာ အကာအကွယ်ပေးသင့်ပါတယ်”လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှဒါရိုက်တာ အယ်လင်းပီဆန်က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ ၁၉၈၀ ခုနှစ်လောက်တည်းက ဒုက္ခသည်စခန်း ၉ ခုမှာ မြန်မာနိုင်ငံသား ဒုက္ခသည် ၉၀,၀၀၀ ခိုလှုံနေတာဖြစ်ပြီး ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံအာဏာသိမ်းဖြစ်စဉ်ပြီးနောက် မြန်မာဒုက္ခသည် ၄၅,၀၀၀ ထက်မနည်းဟာလည်း ထိုင်းနိုင်ငံကို ထပ်မံထွက်ပြေးတိမ်းရှောင်နေ ရတယ်လို့ သိရပါတယ်။

နယ်စပ်ဒေသတွေကိုရောက်ရှိလာတဲ့ မြန်မာဒုက္ခသည်တွေအား ထိုင်းအစိုးရအနေနဲ့ ယာယီတဲ တွေမှာ နေထိုင်ခွင့်ပြုခဲ့ပေမယ့် နေရပ်ပြန်ပို့တာတွေလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာသူတွေကို ထိုင်းအာဏာပိုင်တွေက ဒုက္ခသည် စခန်းတွေမှာ ဝင်ရောက်ခွင့်မပေးဘဲ သူတို့ရဲ့ သွားလာလှုပ်ရှားမှုနဲ့ လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီတွေရရှိဖို့ တင်းကျပ်စွာ ကန့်သတ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ပွဲ တွေအပြင် စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သား ၂၄၀၀ နီးပါးဟာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသား ဒုက္ခသည်တွေဟာ ထိုင်းစစ်တပ်ရဲ့ အဓမ္မရွှေ့ပြောင်းခိုင်းတာနဲ့ ပြည်တွင်းမှာ လုံခြုံမှုမရှိတာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအတွက် မျက်ကွယ်ပြု ခံထားရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံအနေနဲ့ မြန်မာနေရပ်စွန့်ခွာသူတွေထံ အကူအညီပေးသင့်သလို မယ်ဟောင် ဆောင်ခရိုင်နဲ့ နယ်စပ်တလျှောက်မှာရှိတဲ့ ယာယီခိုလှုံနေကြတဲ့ ဒုက္ခသည်တွေအတွက်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေတိုးမြှင့်သင့်တယ်လို့ ကုလသမဂ္ဂဒုက္ခ သည် များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) က တိုက်တွန်းထားပါတယ်။

၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ညှဉ်းပန်းနှိပ်စက်တာ၊မတရားဖမ်းဆီးတာနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအပြင် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

အဲဒီလို စစ်ကောင်စီတပ်ရဲ့ ကျူးလွန်မှုတွေကြောင့် ပြည်တွင်းက လူပေါင်း ၂ သန်းကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အဲဒီထဲက ၉၅,၀၀၀ ကျော်ဟာ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Ref: HRW

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.