December 1, 2023

နိုင်ငံတကာရာဇဝတ်ခုံရုံး ICC စုံစမ်းစစ်ဆေးရေးအဖွဲ့ အစ္စရေးကို သွားရောက်မယ်

နယ်သာလန်၊ ဒီဇင်ဘာ ၂ အောက်တိုဘာ ၇ ရက်နေ့ ဟားမတ်စ်တို့ရဲ့ အံ့အားသင့်ဖွယ် တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ကျန်ရစ်သူ မိသားစုဝင်တွေရဲ့ တောင်းဆိုချက်အရ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC အစိုးရရှေ့နေ အစ္စရေးနိုင်ငံသို့ သွားရောက်မယ်လို့ တရားရုံးက ပြောကြားခဲ့ပါတယ်။ ICC အစိုးရရှေ့နေ ကာရင်ခမ်းဟာ အနောက်ဘက်ကမ်းရှိ ရာမာလာကိုလည်း သွားရောက်မှာဖြစ်ပြီး အဲဒီကပါလက်စတိုင်း အကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံသွားဖို့…

အင်ဒိုနီးရှားက စစ်အသုံးစရိတ် ၂၀ ရာခိုင်နှုန်း တိုးမြှင့်

ဂျာကာတာ၊ဒီဇင်ဘာ ၂ အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၂၄ ခုနှစ်မှာ ကာကွယ်ရေးအသုံးစရိတ် ၂၀ ရာခိုင်နှုန်းအထက် မြင့်တင်ဖို့ လက်ရှိသမ္မတက အတည်ပြုပေးထားတယ်လို့ ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘဏ္ဍာရေးဝန်ကြီးက သမ္မတဝီဒိုဒိုနဲ့ ကာကွယ်ရေးဝန်ကြီးတို့ ပါဝင်ခဲ့တဲ့ အစည်းအဝေးမှာ အတည်ပြုခဲ့တာလို့ ဆိုထားတာပါ။ ကာကွယ်ရေးဝန်ကြီးကတော့ အင်ဒိုနီးရှားရဲ့ နောက်လာမယ့် သမ္မတရွေးကောက်ပွဲအတွက်…

ထိုင်းနိုင်ငံကနေ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာဒုက္ခသည်တွေ အသက်အန္တရယ်နဲ့ ကြုံတွေ့နေရ

ဘန်ကောက်၊ ဒီဇင်ဘာ ၂ ထိုင်းနိုင်ငံအစိုးရက နယ်စပ်ဒေသတွေကိုရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်တွေအား နေရပ်ပြန်ပို့ နေတာကြောင့် အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က နိုဝင်ဘာ ၃၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလနှောင်းပိုင်းကစပြီး ထိုင်းစစ်တပ်ဟာ ထိုင်း-ကရင်နီနယ်စပ်ဒေသတွေ မှာ ခိုလှုံနေကြတဲ့ မြန်မာဒုက္ခသည်တွေကို အတင်းအကျပ် နေရပ်ပြန်ပို့နေတာပါ။ ဒါပေမယ့် တိုက်ပွဲတွေပြန်လည်ပြင်းထန်လာပြီးနောက် ပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထားခံရမှာ စိုးရိမ်တာကြောင့်…

NUG နဲ့ ကချင်နိုင်ငံရေးညှိနှိုင်းရေးအဖွဲ့တို့ တွေ့ဆုံ

မော်လမြိုင် – ဒီဇင်ဘာ ၁ အမျိုးသားညီညွတ်ရေးအစိုးရ မဟာမိတ်ဆက်ဆံရေးကော်မတီနဲ့ Kachin Political Interim Coordination Team ကချင်နိုင်ငံရေးဆွေးနွေးပွဲ ယာယီညှိနှိုင်းရေးအဖွဲ့ (KPICT) တို့ဟာ တော်လှန်ရေးကာလ စစ်ရေး၊နိုင်ငံရေး ပိုမိုအားကောင်းရေး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းမှာ တွေ့ဆုံပွဲကျင်းပခဲ့တာဖြစ်တယ်လို့ NUG က သတင်း ထုတ်ပြန်ထားပါတယ်။ ဆွေးနွေးပွဲမှာ…

စေတုတ္တရာရှိ စစ်ကောင်စီ လက်နက်စက်ရုံ ဒုံးနဲ့တိုက်ခိုက်ခံရ

စေတုတ္တရာ – ဒီဇင်ဘာ ၁ မကွေးတိုင်း၊စေတုတ္တရာမြို့နယ်အခြေစိုက် စစ်ကောင်စီကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ကို ကာကွယ်ရေးအဖွဲ့တွေက ရော့ကတ် ၂၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PRA-Magway က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ ညပိုင်းက လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA-Magway နဲ့ Z-Fighter ပျောက်ကြားတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ “မိမိတို့အနေနဲ့ မဟာဗျူဟာမြောက် ခြေမှုန်းတိုက်ခိုက်တာဖြစ်ပြီး…

NNDP ပါတီ ဥက္ကဠ ဦးသန်းထွန်း ပစ်ခတ်ရှင်းလင်းခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၁ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့မှာ နေထိုင်တဲ့ အမျိုးသား ဒီမိုကရေစီပါတီသစ် (NNDP) ဥက္ကဠ ဦးသန်းထွန်းကို ဒီနေ့ မနက်ပိုင်းမှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ငမိုး ရိပ် Mission Networkက ထုတ်ပြန်ထားပါတယ်။ ဦးသန်းထွန်းဟာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မကျင်းပမှီကတည်းက အခြားသော ပါတီ ၃၄ ခုနဲ့အတူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့…

ကော့ကရိတ်မြို့ပေါ်မှာ တိုက်ပွဲပြင်းထန်၊ ဒေသခံတွေနဲ့ခရီးသွားကားအများအပြား ပိတ်မိနေ

ကော့ကရိတ်၊ ဒီဇင်ဘာ ၁ ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်မှာ ဒီနေ့ ဒီဇင်ဘာ ၁ ရက်နေ့ မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ် လုပ်ဆောင်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။ ကော့ကရိတ်မြို့ပေါ်တိုက်ပွဲဟာ ခင်နိမ်းမူ၊သပြေကုန်း၊မြို့တော်ဦး၊ချောင်းတောင်၊မြို့အလယ် နေရာအနှံ့ တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်း မြို့ခံတွေအပြင် ခရီးသွားကား ရာနဲ့ချီ ပိတ်မိနေတယ်လို့ သိရပါတယ်။ ကနဦးတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့…

လောင်းလုံးမှာ စစ်ကြောင်းဝင်လာပြီး ဒေသခံတွေထံ ခြိမ်းခြောက်ငွေကြေးတောင်းယူသွား

လောင်းလုံး၊ ဒီဇင်ဘာ ၁ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကဗွီးနှစ်ပင်ကျေးရွာထဲကို နိုဝင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာပြီးနောက် ဒေသခံတွေထံက ခြိမ်းခြောက်ငွေကြေးတောင်းယူသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ အဲဒီနေ့မနက် ၆ နာရီလောက်ကစပြီး တပ်အင်အား ၇၀ နီးပါးပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မောင်းမကန်ရဲစခန်းကနေ ကဗွီးနှစ်ပင်ကျေးရွာထဲ ဝင်ရောက်လာပြီးနောက် အရပ်သားပြည်သူတွေ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တာပါ။…