လောင်းလုံးမှာ အရပ်သားတစ်ဦးနဲ့ PDF တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ
လောင်းလုံး၊ နိုဝင်ဘာ ၁၁ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကရင်ကြီးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် အရပ်သားတစ်ဦးနဲ့ PDF ရဲဘော်တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့ မနက်ပိုင်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံအရပ်သားတစ်ဦးနဲ့ PDF ရဲဘော်တစ်ဦးကို…