Radio Than Lwin Times(8/9)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
https://youtu.be/c2d5dRI1pgE
မြဝတီ – စက်တင်ဘာ(၉) ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သင်္ကန်းညီနောင် တံတားထိပ်မှာရှိတဲ့ ပြည်သူ့စစ်အထိုင်ချ စစ်ဆေးတဲ့နေရာ တိုက်ခိုက်ခံရပြီး (၃) ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ စက်တင်ဘာလ(၉) ရက်နေ့ မနက်ပိုင်းက အင်အား(၁၀)ဦးကျော်ရှိတဲ့ ပြည်သူ့ စစ်အဖွဲ့ကို KNLA ပူးပေါင်းအဖွဲ့က ကား(၂) စီးနဲ့လာပြီး ပစ်ခတ်သွားတာပါ။ “ပစ်ခတ်မှုကတော့ သိပ်မကြာလိုက်ဘူး။…
ကျိုက်ထို – စက်တင်ဘာ(၉) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်မှာ စစ်တပ်ကနေ ဒုဗိုလ်မှူးကြီးအဆင့်နဲ့ အငြိမ်းစားယူထားတဲ့ ဦးအောင်လွင်တို့ မိသားစု ပစ်ခတ်ခံရတာကြောင့် ဇနီးဖြစ်သူ သေဆုံးပြီး သားဖြစ်သူအပါအဝင် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က နေအိမ်ကို ကားနဲ့ပြန်လာတဲ့…
ဘန်ကောက်၊ စက်တင်ဘာ(၁၀) “Pa Thong Ko ပထုံကို လို့ အမည်ရတဲ့မုန့်ညက်စိမ်းကြော်နဲ့ ထိုင်းလက်ဖက်ရည်ကို မနက်စာ အတွက် စားသုံးခြင်းဟာ စွမ်းအင်အလွန်အကျွံပေးနိုင်ပေမယ့်လည်း ကျန်းမာရေးကို ထိခိုက် စေနိုင်တာကြောင့် ရှောင်ရှားသင့်တယ်လို့ ထိုင်းကျန်းမာရေးဦးစီးဌာနက ပြောကြားခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းရှိ အချက်အပြုတ်ကျွမ်းကျင်သူတွေနဲ့ ဝေဖန်ရေးဆရာတွေရဲ့ အကြံပြုချက်တွေ ကို ဦးတည် ဖော် ပြတဲ့ အွန်လိုင်းခရီးသွားလမ်းညွှန်တစ်ခုဖြစ်တဲ့ TasteAtlas ရဲ့…
လန်ဒန် – စက်တင်ဘာ(၁၀) ဗြိတိန်ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး အကျဉ်းထောင်က ထွက်ပြေးလွတ်မြောက်သွားတဲ့ သံသယ အကြမ်းဖက်သမား စစ်သားဟောင်းတစ်ဦးကို လန်ဒန်မြို့အနှံ့ရှာဖွေခဲ့ရာ ချစ်ဝှစ်ခရိုင်မှာ ထပ်မံ တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က စက်တင်ဘာလ(၉) ရက်နေ့မှာ ပြောခဲ့ပါတယ်။ အသက်(၂၁) နှစ်အရွယ် ဒန်နီရာ အယ်ဘတ်လါလီဖိဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက လန်ဒန် မြို့ HMP ဝမ်ပေါ့ထ် အကျဉ်းထောင်မှာ…
မော်ဒိုက် – စက်တင်ဘာ(၁၀) အပူပိုင်းဒေသ မော်ဒိုက်အတွက် နောက်လာမယ့် ခေါင်းဆောင်ရွေးချယ်ပွဲကို လူတစ်သန်းရဲ့ သုံးပုံတစ်ပုံကျော်က မဲပေးသွားမှာဖြစ်ပြီး ခရီးသွားတွေကြားမှာ ရေပန်းစားတဲ့ အဲဒီဒေသကို တရုတ်နဲ့ အိန္ဒိယတို့ကြား အားပြိုင်နေတာဖြစ်ပါတယ်။ သမ္မတ အာဘရာဟင်မ် ဆိုလိစ်ဟာ အိန္ဒိယသမုဒ္ဒရာတွင်း ကျွန်းစုဒေသမှာ နောက်ထပ်(၅) နှစ် သက်တမ်းအတွက် အာဏာရယူဖို့ရှိနေပြိး သူလက်ထက်မှာ “India-First” (အိန္ဒိယသာ ပထမ) မူဝါဒကို…
ရန်ကုန် – စက်တင်ဘာ(၉) ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးစိုက်ထားတဲ့ ရန်ကုန်တိုင်းလွှတ်တော်ဝန်းအတွင်းကို လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ စက်တင်ဘာလ(၉) ရက်နေ့ မနက်(၄) နာရီကျော်က ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ “ပစ်ခတ်ခံခဲ့ရတာမှန်ပါတယ်။ သေဆုံးတာတော့ မရှိခဲ့ပါဘူး။ ထိခိုက်ခဲ့တဲ့ အခြေအနေ အနည်းငယ်တော့ ရှိတယ်”…
မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “လက်ခတ်တောင်ကို စစ်တပ်ကထိန်းချုပ်လိုက်ပြီ” ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ရက်နေ့က HEIN LYNN…
ကျိုက်ထို၊ စက်တင်ဘာ(၉) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု၊ ချမ်းမြေ့ကျေးရွာအနီးမှာ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်က စက်တင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ခက်တိုင်းရွာသား အသက် ၄၃ နှစ်အရွယ် ဦးအောင်ထန်းဟာ စားဝတ်နေရေးအခက်အခဲကြောင့် ငှက်ပျောတောကျေးရွာမှာ အငှားလုပ်သားအဖြစ် လာရောက်လုပ်ကိုင်နေစဉ် ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့မှာ…