ဘန်ကောက်၊ အောက်တိုဘာ(၁)
ထိုင်းနိုင်ငံဟာ ခရီးသွားကဏ္ဍမြှင့်တင်ဖို့အတွက် ဖူးခက်နဲ့ဖန်ငါးတို့မှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ်တွေ ထပ်မံတည်ဆောက်သွားဖို့ စီစဉ်ထားတယ်လို့ ဘန်ကောက်ပိုစ့် သတင်း စာမှာ ဖော်ပြပါတယ်။
ထိုင်းမီဒီယာရဲ့ ဖော်ပြချက်အရ ထိုင်းအစိုးရဟာ ကပ္ပလီပင်လယ်ပြင်ကမ်းရိုးတန်း တစ်လျှောက် မှာရှိတဲ့ ခရိုင် ဒေသန္တရတွေမှာ ခရီးသွားကဏ္ဍမြှင့်တင်ဖို့ အခြေခံအဆောက်အအုံ စီမံကိန်းကို ရေးဆွဲထားပြီးဖြစ်တယ် လို့ သိရပါတယ်။
အဲဒီနေရာတွေက ဖူးခက်၊ ဖန်ငါးနဲ့ ကရာဘီတို့ဖြစ်ကြပြီး ထိုင်းဝန်ကြီးချုပ် ဆာရီထာသာဗီစင် ကလည်း စက်တင်ဘာ ၂၉ ရက်နေ့က အဲဒီစီမံကိန်းတွေကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
ဖူးခက်ရဲ့ ဒုတိယမြောက် နိုင်ငံတကာ လေဆိပ်တည်ဆောက်မှုဟာ ထိုင်းဘတ်ငွေ ၅ ဒသမ ၈ ဘီလီယမ်ကုန်ကျမှာဖြစ်ပြီး တကိုဝါထွန့် ဖန်ငါးနိုင်ငံတကာလေဆိပ်က ဘတ်သန်း ၈၀ ကုန်ကျမှာဖြစ်ပါတယ်။
ကရာဘီလေဆိပ်ရဲ့ အဆင့်မြှင့်တင်မှုကတော့ ကုန်ကျစရိတ် ဘတ် ၂ ဒသမ ၇ သန်းရှိတယ်လို့ သိရပါတယ်။
ဖူးခက်မြို့မှာ နောက်ထပ်တည်ဆောက်မယ့် အခြေခံအဆောက်အအုံ စီမံကိန်းတွေကတော့ ကထွန်နဲ့ ပါသောင် ဒေသကို ဆက်သွယ်ဖောက်လုပ်မယ့် ၃ ဒသမ ၉၈ ကီလိုမီတာရှိ အမြန်လမ်း စီမံကိန်းဖြစ်ပါတယ်။
အဲဒီစီမံကိန်းအပြည့်အစုံကတော့ မင်မိုင်၊ ကော်ကဲ့နဲ့ ကထွန်ကို ဖြတ်သန်းပြီး အရှည် ၃၀ ဒသမ၂၆ ကီလိုမီတာရှိတဲ့ အမြန်လမ်းစီမံကိန်းလည်း ဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ် မစ္စတာဆရီထာရဲ့ သောကြာနေ့ခရီးစဉ်အတွင်းမှာတော့ နိုင်ငံစီးပွားရေးကို ပြန်လည်မြှင့်တင်ဖို့ ခရီးသွားကဏ္ဍဟာအရေးကြီးတာကြောင့် အစိုးရအနေနဲ့အဲဒီကဏ္ဍကို ဖွံ့ဖြိုးအောင် ဆောင်ရွက်ဖို့ သက်ဆိုင်သူ အားလုံးနဲ့ အလုပ်လုပ်ကိုင်ဖို့ အဆင်သင့်ရှိပါတယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကပ္ပလီပင်လယ်ပြင်ကမ်းရိုးတန်းဟာ ခရီးသွားလည်ပတ်စရာအစုအဝေးဖြစ်ပြီး လာရောက်လည်ပတ် သူတွေကို ကရာဘီနဲ့ ဖန်ငါးဒေသကိုပါ စွဲဆောင်နိုင်မှာဖြစ်တာကြောင့် ဖူးခက်စီးပွားရေးလှုံ့ဆော်မှုတွေအတွက် စံပြဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
ဖူးခက်မှာ စတင်လုပ်ကိုင်နေပြီဖြစ်တဲ့ ဖွံ့ဖြိုးရေး စီမံကိန်းအချို့ရှိနေပြီး လေးနှစ်တာကာလ အတွင်း ပြည်နယ် အတွင်း ဖွံ့ဖြိုးတိုးတက်မှု အတားအဆီးမရှိဘဲ ဆက်လက်တည်ရှိနေစေဖို့ အစိုးရက ကြိုးပမ်းသွားမှာဖြစ် တယ်လို့ ထိုင်းအစိုးရ ပြောဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
“အစိုးရအနေနဲ့ စီမံကိန်းတွေကို ပံ့ပိုးပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ခရီးသွားတွေကို ကြိုဆိုဖို့ စီမံကိန်းတွေကို အရှိန်မြှင့်ဆောင်ရွက်မှာပါ။ ဖူးခက်ကိုရောက်လာတဲ့ ခရီးသွားတွေက သူတို့ကျွန်းပေါ်ကို ခြေချပြီးကတည်း ကနေ အိမ်ပြန်ချိန်အထိ ဘေးကင်းပြီး ပျော်ရွှင်မှုပေးနိုင်ဖို့ ဝန်ကြီးချုပ်က ညွှန်ကြားထားတယ်” လို့လည်း ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ပါတယ်။
Ref-Strait Times