September 13, 2023

လစ်ဗျားမှာ မိုးရွာသွန်းမှုကြောင့် ရေကာတာ ၂ ခုပျက်စီးပြီးနောက် သေဆုံးသူ (၅၀၀၀) ကျော်အထိ မြင့်တက်လာ

လစ်ဗျားမှာ မိုးရွာသွန်းမှုကြောင့် ရေကာတာ ၂ ခုပျက်စီးပြီးနောက် သေဆုံးသူ (၅၀၀၀) ကျော်အထိ မြင့်တက်လာ လစ်ဗျား၊ စက်တင်ဘာ(၁၄) လစ်ဗျားမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကာတာနှစ်ခု ပျက်စီးပြီးနောက် သေဆုံးသူဦးရေ(၅၀၀၀) ကျော်အထိ မြင့်တက်လာခဲ့တယ်လို့ တာဝန်ရှိသူတွေက စက်တင်ဘာလ (၁၂) ရက်နေ့က ပြောကြားခဲ့ပါတယ်။ လစ်ဗျားကို ပြိုင်ဖက်အစိုးရနှစ်ခုက အုပ်ချုပ်နေပြီး နိုင်ငံအရှေ့ပိုင်းရှိ အစိုးရပြည်ထဲရေး ဝန်ကြီးဌာန ပြောရေးဆို…

ရုရှားနဲ့ ဆက်ဆံရေးဟာ မဟာဗျူဟာမြောက် အရေးကြီးတယ်လို့ မြောက်ကိုရီးယားခေါင်း ဆောင် ပြော

ပြုံယမ်း – စက်တင်ဘာ(၁၄) မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်ဟာ (၂) နိုင်ငံကြား မဟာဗျူဟာကျ မိတ်ဖက် ဖြစ်တာကို ဖော်ပြတာဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ နှစ်နိုင်ငံကြား လက်နက်ကုန်သွယ်ရေးဆိုင်ရာ သတိပေးချက်တွေ ရှိပေမယ့် သမ္မတပူတင်နဲ့ ဆွေးနွေးမှုတွေပြုလုပ်နိုင်ဖို့ မစ္စတာကင်ဟာ ကိုယ်ပိုင်ရထားနဲ့ သွား ရောက်ခဲ့တာပါ။ “ကင်ဂျုံအန်း၏ ပြောကြားချက်အရ ရုရှားဖက်ဒရေးရှင်းသို့…

မြန်မာစစ်ကောင်စီ ပြုလုပ်မယ့် အစည်းအဝေးကို အာဆီယံလေတပ်ခေါင်းဆောင်တွေ မတက်ရောက်ဘူးလို့ ငြင်းဆို

နေပြည်တော် – စက်တင်ဘာ(၁၄) အရှေ့တောင်အာရှမှ လေတပ်အကြီးအကဲအများစုဟာ မြန်မာစစ်ကောင်စီဦးဆောင်ပြုလုပ်မယ့် အစည်းအဝေးကို မတက်ရောက်ဖို့ စီစဉ်ထားတယ်လို့ သတင်းရင်းမြစ်တွေက ဆိုထားပြီး ထိုင်း နိုင်ငံကတော့ တက်ရောက်ဖို့ရှိနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြထားပါတယ်။ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ အာဆီယံလေတပ်ဦးစီးချုပ်များညီလာခံဟာ ကာကွယ်ရေး၊ အစွန်း ရောက်ဝါဒတိုက်ဖျက်ရေးနဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးတွေမှာ ပူးပေါင်းဆောင်ရွက် ရေးတို့ကို ဆွေးနွေးဖို့ နိုင်ငံ(၁၀) နိုင်ငံက ထိပ်တန်းလေတပ်ခေါင်းဆောင်တွေဟာ စုစည်းလေ့…

ရေးမြို့နယ်က ပြည်သူတွေကို PDF ဒေါနစစ်ကြောင်း ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး

ရေး – စက်တင်ဘာ(၁၃) အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဒေါနစစ်ကြောင်းရဲ့ ဆေးတပ်ဖွဲ့က မွန်ပြည်နယ်၊ရေးမြို့နယ်အတွင်းက ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကနေ ဩဂုတ်လအထိ ရေးမြို့နယ်အတွင်းက ကျေးရွာ(၆) ရွာမျာ အမျိုးသား (၆၇)ဦး၊ အမျိုးသမီး(၅၁) ဦးနဲ့ ငါးနှစ်အောက်ကလေးငယ်(၅) ဦးစုစုပေါင်း (၁၂၃) ဦးကို ဆေးဝါး…

မုံရွာအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အစာငတ်ခံ ဆန္ဒပြတောင်းဆိုမှု အောင်မြင်

မုံရွာ – စက်တင်ဘာ(၁၃) စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စစ်ကောင်စီကို အစာငတ် ခံဆန္ဒပြ တောင်းဆိုမှုအောင်မြင်ခဲ့ပြီး စစ်ကောင်စီဘက်က လိုက်လျောခဲ့ရတယ်လို့ မုံရွာလူထု သပိတ်တိုက်ပွဲဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေဟာ တောင်းဆိုချက်(၄) ချက်ကို အစာငတ်ခံ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ မုံရွာအကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အစာငတ်ခံ တိုက်ပွဲဝင်မှုဟာ နောက်ဆုံးမှာ အနိုင်ရရှိခဲ့ပြီး ဒီလိုအခြေအနေကို ပြန်လည်ရရှိလာတာဟာ ထောင်တွင်းနိုင်ငံရေး အကျဉ်းသားတွေရဲ့…

ပင်လောင်းမှာ PNO ခေါင်းဆောင် (၂) ဦးရဲ့ နေအိမ်တွေကို PDF ဝင်ရောက်စီးနင်း

ပင်လောင်း – စက်တင်ဘာ(၁၃) ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်မြို့နယ်မှာရှိတဲ့ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO) တိုက်နယ်ခေါင်းဆောင်နဲ့ နယ်မြေခံ ခေါင်းဆောင်တို့ရဲ့ နေအိမ်တွေကို ဖယ်ခုံ PDF ကဝင်ရောက် စီးနင်းခဲ့တယ်လို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၂၀) ရက်နေ့က ပင်လောင်းမြို့နယ် နန့်ဖာမူရွာက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO တိုက်နယ်ခေါင်းဆောင် ခွန်မောင်ဝင်းရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်တချို့ သိမ်းဆည်းရမိခဲ့ပေမယ့်…

စစ်ကောင်စီလက်ထဲ ဓားစာခံဖြစ်နေတဲ့ ရွာသစ်ဒေသခံများ

စစ်တပ်မြို့လို့ခေါ်ကြတဲ့ ကယားပြည်နယ် ဘော်လခဲမြို့ပေါ်အပါအဝင် ခရိုင်အတွင်းက မြို့နယ်တွေမှာ အခုနှစ် အစောပိုင်းကစလို့ စစ်မီးတွေ ကူးစက်လာပါတယ်။ စစ်ကောင်စီယန္တရားတွေ အများဆုံးလည်ပတ်ခဲ့တဲ့ ဘော်လခဲခရိုင်အတွင်း စစ်မီးတွေ ကူးစက်လာပြီးနောက် နယ်မြေတွေ ထပ်မံမဆုံးရှုံးဖို့ စစ်ကောင်စီတပ်ကနေ နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတာပါ။ အဲဒီထဲကမှ ဘော်လခဲမြို့နဲ့ မိုင် ၂၀ သာဝေးတဲ့ ရွာသစ်မြို့ကို စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်ပြီးတဲ့နောက် အထိုင်ချကာ ဓားစာခံမြို့…

KNU မုန်းမြို့နယ်မှာ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦးဒဏ်ရာရ

မုန်း၊ စက်တင်ဘာ(၁၃) ကရင်အမျိုးသားအစည်းအရုံးKNU ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃) မုန်းမြို့နယ် မိချောင်းခေါင်းကျေးရွာထဲကို စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်က မုန်းမြို့နယ်အခြေစိုက် စစ်ကောင်စီ ဘိုမတီးစခန်းကနေ မိချောင်းခေါင်းကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အသက် ၆၁ နှစ်အရွယ်…